ပရိသတ်ကြီးရေ မင်းသမီးချောလေး ယဥ်လက်က ငယ်ငယ်ရွယ်ရွယ်နဲ့ သရုပ်ဆောင်နယ်ပယ်မှာ အောင်မြင်မှုရရှိခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ယဥ်လက်ကတော့ သရုပ်ဆောင်ပိုင်းမှာထူးချွန်ပြီး သူမပါဝင်တဲ့ ဇာတ်ကားတိုင်းမှာအကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ဒါ့အပြင် စကားပြောဆိုပုံလေးတွေနဲ့ အပြုအမူတွေကလည်း ချစ်စရာကောင်းနေတာကြောင့် ယောကျာ်းပရိသတ်တွေက ကြွေနေရတာ ဖြစ်ပါတယ်။
ယဥ်လက်က အနုပညာမှာအပြင် ပညာရေးပိုင်းမှာလည်း ထူးချွန်တဲ့သူဖြစ်ပြီး အကောင်းဆုံးကြိုးစားနေတာ ဖြစ်ပါတယ်။ လတ်တလောမှာလည်း ယဥ်လက် က အိမ်မှာနေရင်း အပျင်းအပြေ tik tok လေးတွေ ဆော့ကစားပြီးချစ်တဲ့ ပရိသတ်တွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း ယဥ်လက်က ကြည့်မိသူတိုင်း ချစ်အားပိုမယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာတော့ ယဥ်လက်က G fatt သီချင်းလေးအတိုင်း မျက်နှာအမူအရာလေးတွေနဲ့ အသည်းယားစရာကောင်းအောင် ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဗီဒီယိုလေးနဲ့လည်း ယဥ်လက်က " ရမလားဆိုပြီး ငါ့ သိက္ခာလေးကို လာလာထိချင် " ဆိုတဲ့ caption လေးနဲ့လည်း ရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ ဆွဲဆောင်မှုရှိတဲ့ ဟန်အမူအရာလေးတွေနဲ့ ဆော့ကစားထားတဲ့ ယဥ်လက်ရဲ့ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit - YINLET Fb Page
Tik Tok Video Credit & Source - YINLET Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။