ပရိသတ်ကြီးရေ အဆိုတော်နိုင်းဝမ်းကတော့ အရမ်းချစ်ရတဲ့ချစ်သူလေးနဲ့အတူ မကြာခင်မှာ နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်တော့မှာဖြစ်ပါတယ်။နိုင်းဝမ်းက ချစ်သူလေးကိုအရမ်းချစ်လွန်းလို့ မိသားဖသားပီပီလည်း တောင်းရမ်းထားတာဖြစ်ပါတယ်နော်။နိုင်းဝမ်းရဲ့ချစ်သူလေးကလည်း မိန်းကလေးကောင်းတစ်ယောက်ဖြစ်လို့ ခင်ပွန်းဖြစ်လာမယ့်နိုင်းဝမ်းကို အစစအရာရာဂရုစိုက်ပေးတဲ့ ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ဖြစ်ပါတယ်။
နိုင်းဝမ်းတို့ချစ်သူနှစ်ယောက်က အပြန်အလှန်နားလည်မှုအပြည့်နဲ့ချစ်ကြပြီး စိတ်တူကိုယ်တူလည်းရှိကြပါတယ်နော်။အခုဆိုရင်တော့ နိုင်းဝမ်းက သူ့ရဲ့အိမ်မှာ မကြာခင်လာနေတော့မယ့် ချစ်ဇနီးလောင်းလေးရဲ့ပစ္စည်းတွေကို ကိုယ်တိုင်သွားသယ်နေတာပဲဖြစ်ပါတယ်။ချစ်တတ်လွန်းသူကြီး နိုင်းဝမ်းကတော့ မမောနိုင်မပန်းနိုင်ဘဲ ပျော်ပျော်ကြီးသယ်နေတဲ့ပုံရိပ်တွေကို အောက်ပါစာလေးနဲ့အတူ တင်ပေးလာတာဖြစ်ပါတယ်နော်။
နိုင်းဝမ်းက"ယောင်နောက်ဆံထုံးပါ" ဆိုတဲ့အစဉ်အလာအတိုင်း မကြာခင်အိမ်လာနေတော့မယ့်သဲသဲလေးရဲ့ပစ္စည်းတွေ ကိုဗစ်ကာလမှာ သူစိမ်းတွေလည်းအိမ်မလာစေချင်၊ အငှားဝန်ဆောင်မှုတွေလည်းမခေါ်ချင်တာကြောင့် ကိုယ်တိုင်ကားမောင်း၊ ကိုယ်တိုင်မပြီး ညီလေးတွေနဲ့အတူအခါပေါင်းများစွာသယ်နေရတယ်လေ..ပထမတော့ ကားမှာပါလာတဲ့မိုးကာအနီးကြီးအုပ်မလို့ပဲ၊ ပွဲခံနေကြတဲ့ကားတွေနဲ့ရောဆဲခံရမှာစိုးလို့ဖြုတ်လိုက်တာ“မောတော့မောတာပေါ့.. ဒါပေမဲ့ ဒန်တန့်တန်"ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။
Source&Photo Credit:Kyaw Zin Latt's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။