ပရိသတ်ကြီးရေ....ကလေးသရုပ်ဆောင်ဘဝတည်းက အနုပညာလောကထဲစတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ်အားပေးလက်ခံတဲ့မင်းသမီးချောလေး ဝါဆိုမိုးဦးကိုသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ကျစ်လျစ်လှပပြီး ပြည့်တင်းလှပတဲ့ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး ပုရိသတွေသာမကမိန်းကလေးချင်းပါကြွေရတဲ့မင်းသမီးချောလေးဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ အနုပညာလှုပ်ရှားမှုတွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပြီး သီချင်းလေးတွေကို သီဆိုတတ်ပါသေးတယ်နော်။


ဝါဆိုမိုးဦးဟာ Snareအဖွဲ့ဝင်အဆိုတော်ဖြိုးလေးနဲ့လည်း ပရိတ်သတ်တွေအားကျချစ်ခင်ရတဲ့relationshipကိုတည်ထောင်ထားတာဖြစ်ပြီး တစ်ဦးနဲ့တစ်ဦး နားလည်မှုရှိရှိနဲ့လက်တွဲနေကြတာဖြစ်ပါတယ်။ ဝါဆိုမိုးဦးဟာ ခန္ဓာကိုယ်အချိုးအစားနဲ့ပက်သက်ပြီးတော့လည်း အမြဲလိုလိုဂရုစိုက်နေလေ့ရှိပြီး သူမရဲ့ခန္ဓာကိုယ်အချိုးအစားလေးဟာလည်း မိန်းကလေးချင်းပါ အားကျနေရတာပါ။


အခုဆိုရင်လည်းဝါဆိုမိုးဦးဟာ ခရီးတွေမသွားရတာကြောင့် သူငယ်ချင်းတွေနဲ့အတူ ရေကူးကန်လေးမှာအနားယူအပန်းဖြေနေတာပဲဖြစ်ပါတယ်။ သူမရဲ့ ရေကူးကန်လေးထက်မှာ အနားယူအပန်းဖြေနေတဲ့ပုံလေးတွေကို မကြာသေးမီက Instagram accလေးမှာ တင်ပေးလာပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source& photo credit- Warso Moe Oo's Facebook acc/Ig acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။