ဇာတ်မင်းသားလေး တင်မောင်ဆန်းမင်းဝင်းရဲ့ တစ်ဦးတည်းသော သားရတနာလေး မင်းရွှေရောင်တင်ကတော့ ၅ နှစ်သားအရွယ်ကတည်းက ဖခင်ဖြစ်သူရဲ့ ဇာတ်အဖွဲ့တွင် ကပြဖျော်ဖြေနေတဲ့ သဘင့်မျိုးဆက်သစ်လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း သားလေးရဲ့ ကကွက်တွေကို ကြည့်ပြီး ချစ်မဝဖြစ်နေကြတာလည်း ဖြစ်ပါတယ်။



သူဟာ မကြာသေးခင်ကမှ အသက် ( ၈) နှစ်ပြည့်သွားတာပဲ ဖြစ်ပြီး သားလေးရဲ့ မွေးနေ့ပွဲလေးကို ချစ်ခင်ရတဲ့ အနုပညာညီအစ်ကို မောင်နှမတွေနဲ့ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ပူတူးလေးဟာ ကလေးသရုပ်ဆောင်အဖြစ်နဲ့ပါ ရုပ်သံဇာတ်လမ်းတွဲများတွင် ပါဝင်ရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ သူပါဝင်သရုပ်ဆောင်ထားတဲ့ " ဆိုးပေ " ဆိုတဲ့ ဇာတ်လမ်းတွဲကိုလည်း ပရိသတ်တွေ မကြာခင် ကြည့်ရှုရတော့မှာဘဲ ဖြစ်ပါတယ်။



မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း သဇင်ထူးမြင့်ရဲ့ Facebook Story မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ စိတ်တွေဆိုးပြီးငိုနေတဲ့ မင်းရွှေရောင်တင်ကိုချက်ချင်းမချော့ဘဲဆက်စနေကြတဲ့ သဇင်ထူးမြင့်ရဲ့ Video လေးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- San Min’s and Thazin Htoo Myint’s Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။