ပရိသတ်ကြီးရေ သရုပ်ဆောင်ညီနန္ဒကတော့ ချောမောခန့်ညားပြီး ယောက်ျားပီသတဲ့ရုပ်ရည်ကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ညီနန္ဒက လက်ရှိအချိန်မှာလည်း ရုပ်ရှင်ဇာတ်ကားတွေနဲ့ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ပြီး အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ညီနန္ဒက ကိုယ်ပိုင်မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပြီး အေးချမ်းပျော်ရွှင်စွာ နေထိုင်နေတာဖြစ်ပါတယ်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

လက်ရှိမှာဆိုရင် ညီနန္ဒရဲ့ ထောပတ်ထမင်းကလည်း ပရိသတ်တွေကြားမှာ အရမ်းအောင်မြင်နေတာဖြစ်ပါတယ်။ညီနန္ဒကလည်း စေတနာပါပါနဲ့ ကိုယ်တိုင်ချက်ပြုတ်တာကြောင့် အရသာနဲ့သန့်ရှင်းမှုကလည်း ကောင်းမွန်ပါတယ်နော်။ညီနန္ဒတို့မိသားစုသုံးယောက်က လက်ရှိစီးပွားရေးလေးကို တက်ညီလက်ညီနဲ့ ကြိုးစားလုပ်ကိုင်နေကြတာဖြစ်ပါတယ်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

ညီနန္ဒရဲ့ချစ်ဇနီးလေးကလည်း အေးအေးချမ်းချမ်းနေထိုင်တတ်ပြီး ပါရမီဖြည့်ဖက်ကောင်းတစ်ယောက်ပီသပါတယ်နော်။ဒီနေ့လေးဟာဆိုရင်တော့ ညီနန္ဒတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ မင်္ဂလာသက်တမ်း(၁၁)နှစ်ပြည့်လေးဖြစ်ပါတယ်။ညီနန္ဒက"(၁၁.၁၁.၂၀၀၉)(၁၁.၁၁.၂၀၂၀)မင်္ဂလာသက်တမ်း(၁၁)နှစ်..."'ဘယ်လိုအ​ခြေအ​နေမျိုး​ရောက်​ရောက် အသက်ရှင်​နေသ၍ အတူတူရှိ​နေမယ်"'ဆိုပြီး အမှတ်တရပုံလေးကို မျှဝေလာခဲ့တာဖြစ်ပါတယ်နော်။

Photo Credit:Nyi Nanda's Facebook Account
Photo Credit:Nyi Nanda's Facebook Account

Source&Photo Credit:Nyi Nanda's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။