ကလေးသူငယ်တွေကို ေျပာ်ရွှင်စွာ ဦးနှောက်တိုးတက်စေမဲ့နည်းကတော့ ဉာဏ်စမ်းမေးခွန်းတွေကို မေးခြင်းပဲဖြစ်ပါတယ်။ မေးခွန်းတွေကိုမေးခြင်းအားဖြင့် သူတိုရဲ့ ခေါင်းထဲမှာ ဘာပါလိမ့်ဘာပါလိမ့်ဆိုပြီး မေးခွန်းတွေထုတ်ကာ တွေးတောစဉ်းစားကြမှာဖြစ်ပါတယ်။ ခုမေးခွန်းတွေကလဲ ကလေးသူငယ်တွေအတွက်ဆိုပေမဲ့ လူကြီးတွေလဲ စဉ်းစားဖြေဆိုနိုင်ပါတယ်။ အဖြေကိုမဖတ်မှီ မေးခွန်းတွေကို စဉ်းစားကြည့်ပါအုန်း။  

လက်တော့လက်ပါပဲ ဒါပေမဲ့ လက်ခုပ်တီးလို့မရတဲ့ လက်က ဘာလက်လဲ။ အဖြေကတော့ နာရီလက်တံပါ...နာရီလို့ပြောလဲရပါတယ်။ မသုံးခင်မှာ ခွဲရတဲ့ အရာကဘာပါလဲ.....အဖြေကတော့ရိုးတာမို့ ပရိသတ်ကြီးလဲသိလောက်မယ်ထင်တယ်...ဥပါ။ ရေအများဆုံးပါတဲ့ အင်္ဂလိပ် အက္ခရာကဘာပါလဲ...တော်တော်စဉ်းစားရမှာပါ. အဖြေကတော့ C ပဲဖြစ်ပါတယ်။ အဘိဓာန်စာအုပ်တိုင်းမှာ မှားနေတဲ့ အင်္ဂလိပ်စလုံးကဘာပါလဲ....wrong ပါပဲ။  

ကျွန်တော်မှာ ကီးအကုန်ရှိပါတယ်..ဒါပေမဲ့ ကျွန်တော်က ဘယ်တံခါးမှ ဖွင့်လို့မရပါဘူး..ကျွန်တော်ကဘာပါလဲ။ အဖြေကတော့ Piano ပဲဖြစ်ပါတယ်။ သင်ပိုင်တဲ့ အရာဆိုပေမဲ့လဲ သင်ထက် တခြားသူတွေက အသုံးများတာဘာပါလဲ။ အဖြေကိုသိမယ်ထင်ပါတယ်....သင်ရဲ့နာမည်ပါပဲ။ လူတိုင်းက ပိုင်ဆိုင်ကြပြီး ဘယ်သူမှ မဆုံးရှုံးနိုင်တဲ့ အရာက ဘာပါလဲ။ အဖြေကတော့ ရှင်းတယ် အရိပ်ပါပဲ။ ၂၈ရက်ရှိတဲ့ လက ဘယ်နလရှိပါသလဲ.....စုစုပေါင်း ၁၂လရှိပါတယ်။  

သတင်းအရင်းမြစ် Bloggers Arena

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။