ပရိသတ်ကြီးရေ ငယ်ငယ်လေးကတည်းက ဖိုက်တင်းဇာတ်ကားတွေထဲမှာ အများအပြားတွေ့ရတဲ့ လူကြမ်းသရုပ်ဆောင် ဦးစိန်သန်း ကတော့ ယနေ့ နိုဝင်ဘာလ ၁၀ ရက်နေ့မှာဆိုရင် ကွယ်လွန်ပြီးဖြစ်ကြောင့် ကြားသိရပါတယ်။ ဦးစိန်သန်း က အနုပညာနယ်ပယ်မှာ အကောင်းဆုံးလျှောက်လှမ်းလာခဲ့သူဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်နေရာကို ရရှိထားတဲ့ လူကြမ်းသရုပ်ဆောင် တစ်ဦးလည်းဖြစ်ပါတယ်။


ဒါ့အပြင် စိတ်သဘောထားဖြူစင်ပြီး လုပ်ဖော်ကိုင်ဖက် အနုပညာညီအစ်ကို မောင်နှမတွေကိုလည်း အမြဲကူညီတတ်သူပဲ ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာတော့ ဦးစိန်သန်း က အသက်အရွယ်ရလာတာကြောင့် အနုပညာအလုပ်တွေကို ခဏတာရပ်နားထားတာကိုလည်း တွေ့ရပါတယ်။ ဦးစိန်သန်း ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး မင်းသားဝေဠုကျော်ကတော့ သူ့ရဲ့ fb page လေးမှာ ပရိသတ်တွေကို စိတ်မကောင်းစွာ ရေးသားဖော်ပြခဲ့ပါတယ်။


"လူကြမ်းသရုပ်ဆောင် ဦးစိန်သန်း ကွယ်လွန်သွားကြောင်း သိရသည့် အတွက် မိသားစုနဲ့အတူ ဝမ်းနည်းကြေကွဲရပါတယ်......ကောင်းရာဘုံဘဝသို့ ရောက်ပါစေ လေးလေးရေ...ကျွန်တော် ပြုခဲ့သမျှ ကုသိုလ် အမျှပေးဝေလိုက်ပါတယ်......သာဓု ၃ကြိမ် ခေါ်နိူင်ပါစေ....ကုသိုလ် အမျှ အမျှ အမျှ ယူပါ" ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။ ပရိသတ်ကြီးလည်း လူကြမ်းသရုပ်ဆောင်ကြီး ဦးစိန်သန်း ကို ဝမ်းနည်းကြေကွဲကာ ကောင်းရာသုကတိလားအောင် ဆုတောင်းပေးလိုက်ပါဦးနော်...။
Photo Credit - Wai lu Kyaw Foundation fb Page
Source - Wai lu Kyaw Foundation fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။