သရုပ်ဆောင် ဇော်ဇော်အောင် ကတော့ အနုပညာနယ်ပယ်မှာ နေရာတစ်နေရာကို ရရှိထားတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကိုအပြည့်အဝရရှိထားပြီး ဗီဒီယိုဇာတ်ကားတွေကို များစွာပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ လက်ရှိမှာလည်း ဇော်ဇော်အောင်က အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိထားတာ ဖြစ်ပါတယ်။
ဇော်ဇော်အောင်က စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့သူဖြစ်တာကြောင့် အနုပညာမောင်နုမတွေကလည်း ချစ်ခင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ အနုပညာအလုပ်တွေကိုခဏတာရပ်နားပြီး ချစ်ရတဲ့မိသားစုလေးနဲ့ ပျော်ရွှင်စွာ အနားယူနေတာ ဖြစ်ပါတယ်။ ယခုမှာတော့ ဇော်ဇော်အောင်က ပရိသတ်ကြည်နူးစေမယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။
ဒီပုံလေးတွေကတော့ သူငယ်ချင်း ကိုဘင်းနဲ့ နှိုင်းယှဥ်မြင့်မိုရ်တို့ ဇနီးမောင်နှံ တို့က လာရောက်ကန်တော့ ခဲ့တာကို ဝမ်းသာပီတိဖြစ်ပြီး ပရိသတ်တွေအတွက် ဖော်ပြပေးခဲ့တာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဇော်ဇော်အောင်က " သီတင်းကျွတ်မှာ သက် နဲ့ သားနဲ့ရုတ်တရက် လာကန်တော့ကြတော့ အံသြ ဝမ်းသာ နဲ့ အော် ငါလည်း အသက်ကြီးပြီနဲ့တူတယ်လို့ ကိုယ့်ကိုယ်ကိုတော့ အိမ်မာကလေးပဲ အငယ်ဆုံးပဲ ဆိုပြီး ခုထိဆော့ တုန်း.." ဆိုပြီး ရေးသားထားပါသေးတယ်။ ပရိသတ်တွေလည်း ဇော်ဇော်အောင်ရဲ့ ပုံလေးတွေကို ကြည်နူးစေမယ်လို့မျှော်လင့်မိပါတယ်။
Photo Credit - Zaw Zaw Aung fb account
Source - Zaw Zaw Aung fb account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။