ဖြူဖြူထွေးကတော့ ချစ်စဖွယ်ကောင်းပြီး ဖြူစင်တဲ့အပြုံးလှလှလေးတွေနဲ့ ပရိသတ်တွေကို ဖမ်းစားနိုင်စွမ်းရှိသူလေး ဖြစ်ပါတယ် ။ ဟာသဗီဒီယိုလေးတွေနဲ့ အောင်မြင်လာခဲ့တဲ့ ဖြူဖြူထွေးက ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ကြော်ငြာတွေမနားတမ်းရိုက်ကူးရတဲ့အထိ နာမည်ရအောင် ကြိုးစားခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် ဖြူဖြူထွေးက ပရိသတ်တွေအားလုံးရဲ့လက်ခံအားပေးမှုကိုရရှိပြီး အရင်ကထက်တောင် လူသိများနာမည်ကြီးနေတာပဲ ဖြစ်ပါတယ်။

Photo Credit-Amazing Grace
Photo Credit-Amazing Grace
Photo Photo Credit-Phyu Phyu Htwe's FB Acc

လူကြီးမိဘတွေအပေါ်မှာ သိတတ်တဲ့ ဖြူဖြူထွေးက ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ မိသားစုကို ပျော်ရွှင်အောင်ထားသလို အလှူအတန်းတွေကိုလည်း ရက်ရက်ရောရောပြုလုပ်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် ပျော်ပျော်လည်းနေတတ်တဲ့ ဖြူဖြူထွေးက ပရိသတ်တွေကို ရယ်မောပျော်ရွှင်ရအောင် ပုံစံမျိုးစုံနဲ့ တင်ဆက်ပေးတတ်တာ ဖြစ်ပါတယ်။ အခုလည်း ဖြူဖြူထွေးက အူတက်အောင်ရယ်နေရမယ့် ဗီဒီယိုလေးကို မျှဝေပေးလိုက်တာ ဖြစ်ပါတယ် ။

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's FB Acc

ဖြူဖြူထွေးက အိမ်မှာနေရင်း အပျော်ဆော့ကာ မျက်နှာပြောင်ထားတဲ့ အခွီဗီဒီယိုလေးတစ်ခုကို တင်ထားတာ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ချစ်စဖွယ်ဟန်ပန်နဲ့ Tik Tok ဆော့ပြရင်း ဆိုင်ကယ်ကြီးပေါ်ကို အားရပါးရခွတက်လိုက်ပြီးတော့မှ အကျမတော်လို့ အလွဲလေးတွေဖြစ်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ ကဲ ကြည့်မိသူတိုင်း မရယ်ဘဲမနေနိုင်လောက်အောင် ခွီနေရတဲ့ ဖြူဖြူထွေးရဲ့ဟာသဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Phyu Phyu Htwe's Tik Tok Acc

Photo Credit-Phyu Phyu Htwe's FB Acc
Photo Credit-Phyu Phyu Htwe's Tik Tok Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။