စကားလုံးအသစ်အဆန်းလေးတွေနဲ့ အင်တာဗျူးတွေဖြေဆိုရင်း ပရိသတ်အများရဲ့ အားပေးချစ်ခင်မှုကို ရရှိခဲ့သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖူးပွင့်သခင် ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေများစွာမှာ ပါဝင်သရုပ်ဆောင်ရင်း အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ပြီး အခုလက်ရှိမှာလည်း ကြော်ငြာတွေနဲ့ Photo shooting တွေကို လက်ခံရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။

Photo credit - Phoo Pwint Tha Khin's FB account
Photo credit - Phoo Pwint Tha Khin's FB account

ကိုယ်ခန္ဓာကောက်ကြောင်းအလှက စွဲမက်ဖွယ်ကောင်းပြီး မြင်သူငေးရလောက်အောင် တောင့်တင်းလှပလွန်းတာဖြစ်လို့ ပုရိသတွေရဲ့ အားပေးဝန်းရံမှုကိုလည်း ခံရသူပါ။ ဒါ့အပြင် ဖက်ရှင်တွေကိုလည်း အမိုက်စားရွေးချယ်ဝတ်ဆင်တတ်တဲ့ သူမက ယခုတစ်ခါမှာလည်း ဂါဝန်အရှည်လေးကို လိုက်ဖက်ညီစွာ ဝတ်ဆင်ပြီး Tiktok ဆော့ကစားထားတာပဲ ဖြစ်ပါတယ် ။ 

Photo credit - Phoo Pwint Tha Khin's FB account
Photo credit - Phoo Pwint Tha Khin's FB account

ဒါကတော့ မင်းသမီးချောလေး ဖူးပွင့်သခင်က လိုက်ဖက်ညီတဲ့ ဂါဝန်လေးနဲ့ အစပိုင်းမှာ ရိုးရိုးလေးကနေခဲ့ပြီး နောက်ပိုင်းမှာ မြူးကြွတဲ့ တီးလုံးအသံကြောင့် အပီအပြင် ဒွန့်နေတဲ့ သူမရဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုအချစ်ပိုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။ ပရိသတ်တွေကလည်း ဖူးပွင့်သခင်ရဲ့ ဗီဒီယိုလေးကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်...... ။

Photo credit - Phoo Pwint Tha Khin's FB account
Photo credit - Phoo Pwint Tha Khin's FB account

@phoopwintthakhin09

သူပြန်လာမယ်လို့ နင်ထင်နေတာလား?

original sound - Phoo Pwint Tha Khin

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။