မင်းသမီးမေထွဋ်ခေါင်ကတော့ တစ်ချိန်ကအောင်မြင်ခဲ့တဲ့ အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ကြည်နူးစရာမိသားစုလေးကို တည်ဆောက်ထားနိုင်ခဲ့တဲ့ မေထွဋ်ခေါင်ကတော့ ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်နဲ့ သားလေးတစ်ယောက်ကိုပိုင်ဆိုင်ထားပြီး တတိယမြောက်ရင်သွေးလေးကိုလည်း လွယ်ထားရသူလေးပဲဖြစ်ပါတယ်။


သူမကတော့ အနုပညာအလုပ်တွေနဲ့ ဝေးကွာလျက်ရှိနေပြီး မိသားစုလေးကိုအချိန်ပေးကာ ဂရုစိုက်လျက်ရှိနေခဲ့တာပဲဖြစ်ပါတယ်။ ယနေ့လေးကတော့ သူမရဲ့ မွေးနေ့လေးဖြစ်ပြီး ချစ်ခင်ရတဲ့သူငယ်ချင်းတွေမိတ်ဆွေတွေက မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ခင်ပွန်ကတော့ ယခုမှာ စကြိုက်တဲ့အချိန်တည်းက သားသမီးတွေရတဲ့အထိ အမြဲစိတ်ချမ်းသာအောင်ထားပြီး ဇနီးသည်ရဲ့အခွီပုံရိပ်လေးတွေနဲ့အတူမွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်။



သူမရဲ့ ချစ်ခင်ပွန်းကတော့ " HAPPY BIRTHDAY .....My Ladyဆေးပါတယ် ဆုံးအောင်ကြည့် "ဆိုပြီး ဇနီးသည်ရဲ့ပုံရိပ်လေးတွေကို စုစည်းထားတဲ့ဗီဒီယိုလေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ မွေးနေ့ဆုတောင်းပေးထားခဲ့တာပဲဖြစ်ပါတယ်။ ချစ်ပရိသတ်တွေအတွက် မေထွဋ်ခေါင်တို့ မိသားစုလေးရဲ့ ကြည်နူးစရာကောင်းလွန်းတဲ့ ပုံရိပ်လေးတွေကိုပြန်လည်ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကိုအောက်မှာကြည့်နိုင်ပါတယ်။
Source :caesar nyi nyi ' s facebook acc


"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။