ပရိသတ်ကြီးရေ.. နှုတ်ခမ်းနီမလေးတွေရဲ့ သည်းသည်းလှုပ်အချစ်တွေကို ရရှိပိုင်ဆိုင်ထားတဲ့ အဆိုတော်ချော ရဲလေးကိုတော့ ပရိသတ်တွေအားလုံး ချစ်ခင်အားပေးကြပါတယ်နော်..။

သီချင်းကောင်းလေးတွေနဲ့ ဂီတလောကမှာ အောင်မြင်မှုတွေများစွာ ရရှိထားသလို သရုပ်ဆောင်ပိုင်းနဲ့ သဘင်အငြိမ့်ပိုင်းမှာလည်း ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားသူပဲ ဖြစ်ပါတယ်..။

Photo Credit - Ye Tun Min's Fb Acc
Photo Credit - Ye Tun Min's Fb Acc

ဇာတ်ကားတွေများစွာလည်း ရိုက်ကူးထားပြီး နှင်းဆီအဖွဲ့သားတစ်ယောက်လည်းဖြစ်တဲ့ ရဲလေးကတော့ ရန်ပုံငွေအလှူ အငြိမ့်ပွဲတွေမှာလည်း ပါဝင်ကပြဖျော်ဖြေတာလည်း မကြာခဏတွေ့ရမှာပါနော်..။

သီချင်းကောင်းလေးတွေ ဆက်တိုက်ဆိုသလို ဖန်တီးသီဆိုတဲ့ ရဲလေးကတော့ အခုလို Covid ကာလ Stay Home အချိန်လေးတွေမှာလည်း သူ့ရဲ့ပုံရိပ်လေးတွေကို ဝေမျှထားပါတယ်နော်..။

Photo Credit - Ye Tun Min's Fb Acc
Photo Credit - Ye Tun Min's Fb Acc

အခုတစ်ခါမှာလည်း ရဲလေးရဲလေးတစ်ယောက် အိမ်မှာနေရင်း ပေါက်စီကိုယ်တိုင် လုပ်စားခဲ့တဲ့အကြောင်းလေးကိုလည်း ဗီဒီယိုဖိုင်လေးနဲ့အတူ မျှဝေလာပါတယ်နော်..။

ညီမလေးအတွက်ဆိုပြီး ကိုယ်တိုင်လုပ်ထားတဲ့ ပန်းနုရောင်ပေါက်စီ ဗီဒီယိုဖိုင်လေးကို ဝေမျှထားတာဖြစ်တာမို့ ပရိသတ်တွေလည်း သဘာကျနေကြမှာပါနော်..။

Photo Credit - Ye Tun Min's Fb Acc
Photo Credit - Ye Tun Min's Fb Acc

Source & Photo Credit - Ye Tun Min's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။