ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင် နှိုင်းယှဥ်မြင့်မိုရ် ကတော့ အနုပညာလောကမှာ နေရာတစ်နေရာရယူထားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားတာဖြစ်ပါတယ်။လက်ရှိမှာတော့ နှိုင်းယှဥ်မြင့်မိုရ် က အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ဒါ့အပြင် သရုပ်ဆောင် ကိုဘင်းနဲ့အတူ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို မွေးထားပါသေးတယ်။

Photo Credit - Nhying Shin Fb Page
Photo Credit - Nhying Shin Fb Page

မကြာခဏဆိုသလို နှိုင်းယှဥ်မြင့်မိုရ် က သူတို့ရဲ့ မိသားစုပုံလေးတွေအပြင် အနုပညာလှုပ်ရှားမှုတွေကိုလည်း ဖော်ပြပေးပါတယ်။ လတ်တလောမှာလည်း သူမက live ကနေပြီး တန်ဖိုးကြီး လက်ဝတ်ရတနာတွေကို ရောင်းပေးနေတာကိုလည်း တွေ့ရပါတယ်။ယခုမှာတော့ နှိုင်းယှဥ်မြင့်မိုရ် က ပရိသတ်တွေကြည်နူးပီတိ ဖြစ်စေမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ဒီပုံလေးတွေကတော့ နှိုင်းယှဥ်မြင့်မိုရ် တို့ ဇနီးမောင်နှံနှစ်ယောက်ကတော့ အသိမိတ်ဆွေကို သီတင်းကျွတ်ကန်တော့ရင်း တန်ဖိုးကြီး နားကပ်တစ်ရံကို လက်ဆောင်ရရှိခဲ့တာဖြစ်ပါတယ်။

Photo Credit - Nhying Shin Fb Page
Photo Credit - Nhying Shin Fb Page

ဒီလက်ဆောင်လေး ရခဲ့တာနဲ့ပတ်သက်ပြီး ပြောလာရာမှာလည်း " ရတနာကို ပထမဆုံး မြတ်မွန်ရတနာနဲ့ စရောင်းခဲ့တယ်.....တာထွက်ကောင်းခဲ့တယ်......အလုပ်တွေခုထိ ဆက် လုပ်နေခဲ့ရတယ်.....ကျေးဇူးရှိခဲ့သူတွေလို့ သတ်မှတ်ထားပြီး ဘဘနဲ့တီချစ်ကိုကန်တော့ခဲ့တယ်သူတို့မိသားစုကလည်း သတင်းကျွတ်လက်ဆောင် ကိုယ်လာရင်ပေးမလို့စီစဉ်ထားခဲ့တာတဲ့" ဆိုပြီး ရေးသားထားပါသေးတယ်။ စိတ်စေတနာအပြည့်နဲ့ လုပ်ဆောင်မှုတွေကြောင့် တန်ဖိုးကြီး လက်ဆောင်ကိုရရှိခဲ့တဲ့ နှိုင်းယှဥ်မြင့်မိုရ် တို့မိသားစုလေးကို ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။

Photo Credit - Nhying Shin Fb Page
Photo Credit - Nhying Shin Fb Page

Photo Credit - Nhying Shin Fb Page

Source - Nhying Shin Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။