ပရိသတ်တွေရေ ဇာတ်ပို့ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ သရုပ်ဆောင် ဦးကြည်စိုး ကတော့ ယနေ့ အောက်အိုဘာလ ၃၀ ရက်နေ့ နေ့လည်၂ နာရီ ဝန်းကျင်တွင် covid 19 ရောဂါဖြင့် ရန်ကုန်မြို့မှုပဲကွယ်လွန်သွားပြီဖြစ်ကြောင်း ကြားသိရပါတယ်။ ဦးကြည်စိုး က အသက် ၇၂ နှစ်ရှိပြီး အနုပညာအလုပ်တွေအပြင် အခြားကိုယ်ပိုင်စီပွားရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေ သူပဲဖြစ်ပါတယ်။

Photo Credit - Kyi Soe Fb Account
Photo Credit - Kyi Soe Fb Account

ဦးကြည်စိုး ကွယ်လွန်သွားတာနဲ့ ပတ်သက်ပြီး အနုပညာရှင် ညီအစ်ကိုမောင်နှမတွေကလည်း ဝမ်းနည်းကြေကွဲနေရပါတယ်။ ဝေဠုကျော် ဖောင်ဒေးရှင်း Page မှာ ထပ်တူဝမ်းနည်းရပါကြောင်းရေးသားထားရာမှာလည်း "ဝမ်းနည်းကြေကွဲခြင်း....သရုပ်ဆောင် ဦးကြည်စိုး IC အသက် ၇၂ နှစ် ဒီကနေ့ နေ့လည် ၂ နာရီ ဝန်းကျင်တွင် covid 19 ရောဂါ ဖြင့်ရန်ကုန်မြို့တွင် ကွယ်လွန်သွားကြောင်း သိရလို့ မိသားစုနဲ့အတူ ဝမ်းနည်း ကြေကွဲရပါတယ်။လေးလေး ကောင်းရာဘုံဘဝသို့ ရောက်ရှိနိူင်ပါတယ်" ဆိုပြီး ရေးသားထားပါတယ်။

Photo Credit - Kyi Soe Fb Account
Photo Credit - Kyi Soe Fb Account

မြန်မာရုပ်ရှင်လောကမှာ အရမ်းသဘောကောင်းပြီး စိတ်သဘောထားပြည့်ဝတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာမောင်နှမတွေကလည်း ရိုသေလေးစားသလို အမြဲယုံကြည်အားထားရတဲ့ သူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ယခုလို ရောဂါဆိုးကြီးနဲ့ ကွယ်လွန်သွားတဲ့ ဦးကြည်စိုး ကို ကောင်းရာမွန်ရာရောက်အောင် Myanmarload ချစ်ပရိသတ်တွေက ဆုတောင်းမေတ္တာပို့သပေးပါဦးနော်...။

Photo Credit - Kyi Soe Fb Account

Source - Wai Lu Kyaw Foundation FB PAGE

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။