မင်းသမီး ဆုပန်ထွာ ကတော့ အနုပညာနယ်ပယ်မှာ အောင်မြင်နေတဲ့ ထိပ်တန်းမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ်။ ဆုပန်ထွာက လက်ရှိမှာ သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး သားလေးတစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။ ယခုမှာတော့ ဆုပန်ထွာရဲ့ ခင်ပွန်းသည် ဥက္ကာကျော်က ပရိသတ်တွေ ချစ်ခင်အားကျစေရမယ့် ဇနီးသည်နဲ့ ပတ်သက်တဲ့ အကြောင်းလေးကို ရေးသားဖော်ပြလာခဲ့ပါတယ်။

Photo Credit - Okkar Kyaw fb account
Photo Credit - Okkar Kyaw fb account

ခင်ပွန်းဖြစ်သူ ရဲ့ Facebook account မှာတော့ "မာမားရဲ့ Birthday တစ်ခုပြီးသွားပြီ...၁ပတ်လောက်ကျော်ရင် အားလုံးမေ့သွားကြပြီ...တကယ်တော့ Birthday တွေဆိုတာ အသက်၁နှစ်ထပ်တိုးလာတယ်ဆိုတာကို အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲကျင်းပကြတဲ့နေထူးနေု့မြတ်လေးပါပဲ.....လူတွေဟာ မွေးနေ့တွေများလာတာနဲ့အမျှ အသက်အလိုက် ပိုပြီးရင့်ကျက်လာကြတယ်..... အတွေးအခေါ်တွေနက်နဲလာကြတယ်.... ရုပ်ရည်ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကျန်းမာရေးတွေ လူနေမှုအခြေအနေတွေ ဖြည်းဖြည်းချင်း ၁နှစ်ပြီး၁နှစ် ပြောင်းလဲလာကြတယ်....တို့၂ယောက်ရဲ့ကြားမှာ Roar Roar လေးတောင်ရောက်လာပြီး သူ့အသက်လေး ၄နှစ်ပြည့်ခဲ့ပြီ.....ပြောချင်တာ တို့၂ယောက်ရဲ့ဘဝအခြေအနေတွေ ဘာတွေဘယ်လောက်ပြောင်းပြောင်း ဘယ်သူတွေ ဘာတွေပြောပြော တို့နှစ်ယောက် ဂရုမစိုက်ပဲ အဆိုးအကောင်း အနိမ်းအမြင့်တွေကြားက ခိုင်မာစွာလက်တွဲခဲ့ကြတယ်။ "ရည်းစားဘဝတုန်းကအမြဲပြောခဲ့တဲ့စကားလေးတခွန်း.."

Photo Credit - Aroma (photography)
Photo Credit - Okkar Kyaw fb account

အသက်တွေကြီးပြီးမလှတော့တဲ့အချိန်နုပျိုခြင်းတွေမရှိတော့တဲ့အချိန်အထိ သစ္စာရှိရှိဇွဲမရှော့ပဲ ဟိုမင်းသမီး (အန်တီအဒေါ်ကြီး အရွယ်ရောက်တဲ့အထိ) အရမ်းချစ်သွားမယ်ဆိုတာကိုအဲ့ဒီအချိန်ရောက်မှယုံတော့နော်... မင်းသမီးအခန်း၊ အမေအခန်း၊ အဖွားအခန်းထိ ဆက်ချစ်နေမယ်၊ စောင့်ရှောက်နေမယ်၊ စိတ်ပူနေမယ်....အခုတော့ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်တွေကြားက နေ့တိုင်း အမြဲတိုင်း I loved you, I love you, I will always love you မာမားရေ...ဘာရယ်တော့မဟုတ်ဘူး ဘာသာတရားကိုင်းရှိုင်းတဲ့ မိန်းမကိုချစ်လို့... ချစ်တယ်လို့ရေးထားတဲ့စာလေးပါ။အရမ်းချစ်တယ် Supan Htwar " ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း ဆုပန်ထွာရဲ့ ခင်ပွန်ဖြစ်သူ စကားကြွယ်ကြွယ်နဲ့ ရေးသားထားတဲ့ စာလေးကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

Photo Credit - Okkar Kyaw fb account

Source - Okkar Kyaw fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။