ချစ်ပရိသတ်ကြီးရေ မင်းသမီးချောလေး မိုးယုစံကတော့ အလှမယ်၊ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ မိုးယုစံက ရုပ်ရည်လေးကချောမောလှပသလို အသားအရည်လေးကလည်း ဖြူဖွေးဝင်းဥနေတဲ့ မိန်းမချောလေး ဖြစ်ပါတယ် ။ ဒါကြောင့်လည်း မိုးယုစံက အိမ်ထောင်ကျပြီး သားလေးတစ်ယောက်မွေးဖွားထားတာတောင်မှ အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ် ။

Photo Credit : Moe Yu San Facebook Account
Photo Credit : Moe Yu San Facebook Account

ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ သူမကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး ချစ်စရာကောင်းတဲ့ သားလေးကို ပိုင်ဆိုင်ထားတာပဲ ဖြစ်ပါတယ်။မိုးယုစံတို့ မိသားစုလေးမှာတော့ သား Austin လေးကတော့ အိမ်ရဲ့ဆည်းလည်းလေးပဲ ဖြစ်ပါတယ်။ သူမကတော့ သားလေးရဲ့ ချစ်စရာပုံရိပ်လေးတွေ ဗီဒီယိုလေးတွေကို ဖေ့ဘွတ်စာမျက်မှာ အမြဲဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။

Photo Credit : Moe Yu San Facebook Account
Photo Credit : Moe Yu San Facebook Account

မိုးယုကခုနောက်ပိုင်းမှာတော့ Tik Tok ဗီဒီယိုလေးတွေရိုက်ကာ ဖေ့ဘွတ်ပေါ်တွင် အမြဲဖော်ပြလေ့ရှိတာတွေ့ရပါတယ် ။လတ်တလောမှာလည်း သီတင်းကျွတ်အမှတ်တရ အနေနဲ့ ယုဇနရဲ့ သီတင်းကျွတ်ညလေးတစ်ည သီချင်းလေးနဲ့ အမိုက်စားပြန်သရုပ်ဆောင်ပြထားတဲ့ ဗီဒီယိုလေးကိုဖော်ပြထားတာတွေ့ရပါတယ် ။ ဗီဒီယိုလေးထဲမှာ မိုးယုတစ်ယောက် အရမ်းချစ်စရာကောင်းနေတာကြောင့် မျှဝေပေးလိုက်ပါတယ် ။

Photo Credit : Moe Yu San Facebook Account
Photo Credit : Moe Yu San Facebook Account

Source & Photo Credit : Moe Yu San Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။