မင်းသားချောလေး ဘုန်းလျှံကတော့ ယောက်ျားပီသတဲ့ခန္ဓာကိုယ်အချိုးအစားနဲ့ မိမိုက်နေသလို ချောမောခန့်ညားတဲ့ ရုပ်ရည်ကိုပါ ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ တစ်ချိန်က မိန်းမပျိုလေးတွေရဲ့အသည်းစွဲဖြစ်ခဲ့တဲ့ ဘုန်းလျှံက အခုချိန်မှာတော့ ချစ်သူလေးနဲ့နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်ခဲ့ပြီ ဖြစ်ပါတယ် ။ ဘုန်းလျှံက အလုပ်တွေကို ကြိုးစားပမ်းစား လုပ်ကိုင်နေသလို ဘဝကို အေးချမ်းပျော်ရွှင်စွာ ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ် ။

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

ဘုန်းလျှံကတော့ ငါးပါတူးစားပွဲတွေကို ရောင်းချနေတာဖြစ်ပြီး စီးပွားရေးကို သူကိုယ်တိုင်ဦးဆောင်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ် ။ ဘုန်းလျှံရဲ့ချစ်ဇနီးလေးကလည်း သူ့ရဲ့ဘေးကနေ အလုပ်တွေကိုအတူတူလုပ်ကိုင်ပေးရင်း ပါရမီဖြည့်ဖက်ပီသနေတာ ဖြစ်ပါတယ် ။ ပျော်ပျော်နေလေ့ရှိတဲ့ ဘုန်းလျှံက အခုလည်း သူငယ်ချင်းပွင့်နဒီမောင်နဲ့ ဆုံတွေ့တုန်း အပျင်းပြေ Tik Tok ကစားခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc
Photo Credit-Bhone Hlan's FB Acc

ဘုန်းလျှံတို့စုံတွဲနဲ့ ပွင့်နဒီမောင်တို့ကတော့ "အိုးလေးလှုပ်ပါဟေ့" သီချင်းနဲ့ အပီအပြင်ဒွန့်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။ ဘုန်းလျှံက အရှေ့ကနေ ဦးဆောင်ပြီး အားရပါးရကပြထားသလို သူ့ရဲ့ချစ်ဇနီးနဲ့ ပွင့်နဒီမောင်တို့ကလည်း အနောက်ကနေ စည်းချက်ကျကျလိုက်ကနေကြတာ ဖြစ်ပါတယ် ။ ကဲ အရမ်းကိုပျော်ရွှင်စရာကောင်းနေတဲ့ ဘုန်းလျှံတို့စုံတွဲနဲ့ ပွင့်နဒီမောင်ရဲ့ Tik Tok Video လေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Bhone Hlan's FB Acc

Photo Credit-Bhone Hlan's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။