မီးမီးခဲကတော့ တစ်ချိန်က အဆိုတော်လောကမှာနေရာတစ်ခုရယူထားနိုင်တဲ့ အနှပညာရှင်တစ်ယောက်ဖြစ်ပြီး အောင်မြင်နေတဲ့ ထိပ်တန်းအဆိုတော်တစ်ယောက်ပဲ ဖြစ်ပါတယ်။ မီးမီးခဲကတော့ အသံအေးအေးနဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်သူလေးဖြစ်ပြီး သူမရဲ့ သီချင်းလေးတွေဟာ ယနေ့အချိန်ထိ နားထောင်လို့ကောင်းနေဆဲဖြစ်ပါတယ်။


သူမဟာ ကင်ဆာရောဂါဝေဒနာကို နှစ်ကာလကြာမြင့်စွာ ခံစားနေရသူတစ်ယောက်လည်း ဖြစ်ပါတယ်။ရောဂါကိုဆေးနဲ့ ထိန်းချုပ်ကုသနေစဉ်မှာပဲ ကွယ်လွန်ခဲ့ရတာလည်းဖြစ်ပါတယ် ။သူမကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီးအနုပညာရှင်များသာမက ပရိသတ်တွေပါ ကြေကွဲဝမ်းနည်းခဲ့ရပြီး မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရတာအမှန်ပါပဲ ။


အခုမှာတော့ မီးမီးခဲရဲ့ အုတ်ဂူလေးကို ကျန်ရစ်တဲ့မိသားစုဝင်တွေ သတိတရနဲ့ သွားရောက် နှုတ်ဆက်ခဲ့ကြတဲ့ ပုံလေးတွေနဲ့အတူ "အားလုံး ချစ်ရတဲ့ ကျွန်တော့်ဇနီး မီးမီးခဲဟာ အောက်တိုဘာလ ၁၆ရက်နေ့မှာ ဘုရားရှင်ရဲ့ ရင်ခွင်တော်သို့ ပြန်လည်ခေါ်ယူတော်မူခြင်းကို ခံစားခဲ့ရပါတယ်
ဒီနေ့ အောက်တိုဘာလ ၂၆ရက်နေ့မှာတော့ ကျွန်တော်တို့မိသားစုဝင်များ သူ့ရဲ့ ကိုယ်ခန္ဓာကို နောက်ဆုံး နှုတ်ဆက်ခြင်းနှင့်အတူ ဆုတောင်းဆက်ကပ်အပ်နှံခြင်းအစီစဉ်ကို ပြုလုပ်ခဲ့ပါတယ်
ကျွန်တော်တို့မိသားစုရဲ့ ဝမ်းနည်းဆုံးအချိန်မှာ ဆုတောင်းပေးခြင်း အားပေးခြင်း နှင့် အဖက်ဖက်မှကူညီပေးသောသူများ... လာရောက်မေတ္တာပြပေးသော သူများ နှင့် ပရိသတ်များ အားလုံးကို အထူးကျေးဇူးတင်ပါတယ်
အယောက်ဆီတိုင်းကို ဘုရားရှင်ကောင်းချီးပေးပါစေ Brice Mee Mee Khel Brice Mmk " ဆိုတဲ့ဆုတောင်းစာလေးကို လှုမှုကွန်ယက်စာမျက်နှာထက်မှာ ဖော်ပြခဲ့တာတွေ့ရပါတယ် ။ပုံလေးကြည့်ပြီး စိတ်မကောင်းဖြစ်ကာ ကြေကွဲဝမ်းနည်းမိတာအမှန်ပါပဲနော် ။ပရိသတ်ကြီးလည်းကြည့်ရှုနိုင်စေရန် ပြန်လည်မျှဝေဖော်ပြပေးလိုက်ပါတယ် ။


Source & Photo Credit : Mee Mee Khal Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။