မင်းသမီးချောလေး ရတနာခင်ကတော့ တစ်ခေတ်တစ်ချိန်တုန်းက အရမ်းကို လူကြိုက်များအောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ် ။ ချောမောလှပတဲ့ရုပ်ရည်လေးကို ပိုင်ဆိုင်ထားတဲ့ရတနာခင်က အခုချိန်အထိ ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေဆဲ ဖြစ်ပါတယ် ။ ရတနာခင်ကတော့ သားလေးသုံးယောက်တိတိ ပိုင်ဆိုင်ထားတဲ့ ကလေးမေမေလည်း ဖြစ်ပါတယ် ။

Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc & Alinn Yaung Photography

ရတနာခင်က ချစ်ရတဲ့ခင်ပွန်းနဲ့အတူ ထိမ်းမြားလက်ထပ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း ပရိသတ်တွေက ပြီးပြည့်စုံလွန်းတဲ့ ရတနာခင်တို့မိသားစုလေးကို အားကျချစ်ခင်နေရတာ ဖြစ်ပါတယ် ။ မိဘတွေအပေါ်မှာလည်း တန်ဖိုးထားတတ်တဲ့ ရတနာခင်က အခုလည်း ဖခင်ဖြစ်သူအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းဆိုပေးထားတာ ဖြစ်ပါတယ် ။

Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc

ရတနာခင်က "Happy Birthday ပါဖေကြီး အသက်ရှည်စွာ ကျန်းမာစွာဖြင့် ဝိပဿနာတရားဘာဝနာများကိုကျင့်ကြံအားထုတ်နိုင်ပါစေ၊ သားသမီး မြေး တို့ကိုလည်းဗုဒ္ဓ၏ တရားတော်များနှင့်အညီနေ ထိုင်ကျင့်ကြံတတ်အောင် အမြဲတမ်းဆုံးမလမ်းညွှန်ပေးနိုင်ပါစေ" ဆိုပြီး ပုံလေးတွေကိုပါ တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ဖေဖေနဲ့အတူ မိသားစုလိုက် ကြည်နူးပျော်ရွှင်နေတဲ့ ရတနာခင်ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Yadanar Khin's FB Acc

Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc
Photo Credit-Yadanar Khin's FB Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။