အလှမယ်တစ်ဦးဖြစ်သလို သရုပ်ဆောင်တစ်ယောက်အနေနဲ့ပါ အနုပညာနယ်ပယ်မှာ အကောင်းဆုံးလျှောက်လှမ်းလာနေတဲ့ သူကတော့ နန်းခင်ဇေယျာ ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမက အနုပညာလှုပ်ရှားမှု အနေနဲ့ ကြော်ငြာတွေအပြင် Photo Shooting တွေကိုလည်ဆက်တိုက်ရိုက်ကူးနေတာ တွေ့ရပါတယ်။နန်းခင်ဇေယျာက အသားအရေလေးကစိုပြေလှပသလို ရုပ်ရည်ကလည်း ချောမောပြေပြစ်နေတာကြောင့် ယောက်ျားလေးပရိသတ်တွေရဲ့အားပေးဝန်းရံမှုကို ရရှိထားတာဖြစ်ပါတယ်။


ဝတ်စားဆင်ယဥ်မှုမှာတော့ နန်းခင်ဇေယျာ က ဘယ်လိုဖက်ရှင်တွေပဲဖြစ်ဖြစ် လိုက်ဖက်ညီအောင် ဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ လတ်တလောမှာလည်း သူမက ပရိသတ်တွေချစ်အားပိုလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ယခုမှာလည်း နန်းခင်ဇေယျာ က မြင်သူတိုင်ငေးမောသွားစေလောက်မယ့် အလန်းစားပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။


ဒီပုံလေးတွေထဲမှာတော့ နန်းခင်ဇေယျာ က အလန်းစားဖက်ရှင်လေးကို အထာကျကျ ဝတ်ဆင်ထားပြီး ဆွဲဆောင်မှုရှိရှိ ပို့စ်ပေးနေတာဖြစ်ပါတယ်။ ဒါ့အပြင် ရင်ခုန်စရာကောင်းတဲ့ အတွင်းသားလေးတွေကလည်း ပေါ်လွင်နေခဲ့ပြီး လှရက်လွန်းနေတာဖြစ်ပါတယ်။ ကဲ...ပရိသတ်ကြီးရေ ယခုမှာတော့ အလန်းစားရိုက်ချက်တွေနဲ့ ရင်ခုန်စရာကောင်းနေတဲ့ နန်းခင်ဇေယျာ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Photos Credit -Saw Thinzar Htaik(Photography)
Source - Nang Khin Zay Yar fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။