မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတစ်လက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင်ကတော့ ထိပ်ဆုံးနေရာကနေ ရပ်တည်အောင်မြင်နေတာ ဖြစ်ပါတယ် ။ အကယ်ဒမီဆုနှစ်ဆုတိတိ ဆွတ်ခူးထားတဲ့ အိန္ဒြာကျော်ဇင်က နှစ်ပေါင်းများစွာကြာအောင် အနုပညာလမ်းကြောင်းထက်မှာ လျှောက်လှမ်းခဲ့တာ ဖြစ်ပါတယ် ။ အိန္ဒြာကျော်ဇင်ကိုတော့ လူကြီးလူငယ်၊ ကျားမမရွေး ချစ်ခင်အားပေးကြသလို အနုပညာရှင်အချင်းချင်းကပါ လေးစားကြတာ ဖြစ်ပါတယ် ။

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page

အူဝဲလို့အားလုံးက ချစ်စနိုးခေါ်ဝေါ်တဲ့ သူမကတော့ သားတစ်ယောက်၊သမီးတစ်ယောက် မွေးဖွားထားတဲ့ ကလေးမေမေလည်း ဖြစ်ပါတယ် ။ ဒါပေမယ့်လည်း အူဝဲက ကလေးနှစ်ယောက်မိခင်လို့ မထင်ရအောင်ကိုပင် အရွယ်တင်နုပျိုနေတာ ဖြစ်ပါတယ် ။ အမြဲတမ်းလုံလုံခြုံခြုံဝတ်ဆင်တတ်တဲ့ အူဝဲက အခုလည်း မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိစွာလှနေတာ ဖြစ်ပါတယ် ။

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page

အူဝဲက "ဪ... တစ်နေ့တစ်နေ့ ရုပ်ရှင်တွေဇာတ်လမ်းတွဲတွေကြည့်ကြည့်ပြီး မအားဘူး ကျွန်မလည်းမျက်စိတွေလည်း ဝေဝါး၊ အိပ်ရေးတွေလည်းပျက်၊ကြီးပေါင်းတွေလည်းတက်နေပြီလားတောင်မသိ ဒီနေ့တော့ ပုံလေးလည်းမတင်တာကြာပြီဆိုပြီး မိုင်စစ်ရဲ့ Vivid ဆိုင်ကနေပြီး အသစ်ထွက်တဲ့ ready to wear အင်္ကျီလေးတွေထဲက တစ်ထည်ယူဝတ်လိုက်ပြီး စိတ်လိုလက်ရ ဓါတ်ပုံလေးရိုက်တင်လိုက်ပါတယ်လို့" ဆိုပြီး သူမကိုလွမ်းနေမယ့် ပရိသတ်တွေအတွက် ပုံလေးတွေကို တင်ပေးလိုက်တာ ဖြစ်ပါတယ် ။ ကဲ အားလုံးချစ်ရတဲ့ မင်းသမီးချောအိန္ဒြာကျော်ဇင်ရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-Eaindra Kyaw Zin's FB Page

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။