ချစ်ပရိသတ်ကြီးရေ ... မြင်သူတိုင်းအကြိုက်တွေ့စေတဲ့ ဖြူဖြူဖွေးဖွေး အသားအရည်လေးတွေနဲ့ ရင်ခုန်စရာကောင်းလောက်တဲ့ အပြုံးချိုချိုလေးတွေကြောင့် ပုရိသ ပရိသတ်တွေရဲ့ အချစ်တွေကို အရယူသိမ်းပိုက်ထားနိုင်တဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖူးပွင့်သခင် ပဲဖြစ်ပါတယ်။ ဖူးပွင့်သခင်ဟာဆိုရင် အနုပညာနယ်ပယ်မှာ အောင်မြင်မှုရရှိနေတဲ့ မင်းသမီးချောလေးတစ်ယောက်ဖြစ်ပြီး အနုပညာလမ်းကြောင်းထက်မှာ ယုံကြည်မှုရှိရှိ အကောင်းဆုံးလျှောက်လှမ်းနေတဲ့ သူပဲဖြစ်ပါတယ်။
လက်ရှိမှာလည်း အနုပညာအလုပ်တွေကို Covid ရောဂါတွေကြောင့် ခေတ္တရပ်နားထားတာကို တွေ့ရပါတယ်။ ဖူးပွင့်သခင် ဟာ ပြည်သူချစ်တဲ့ မင်းသမီးချောလေးဖြစ်တာနဲ့အညီ ဝတ်စားဆင်ယဥ်မှုတွေမှာလည်း မြန်မာဆန်ဆန်လေးတွေအပြင် ဆန်းသစ်တဲ့ ယနေ့ ခေတ်ပေါ်ဖက်ရှင်လေးတွေကိုလည်း စမတ်ကျကျ လိုက်ဖက်ညီအောင်ဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ လတ်တလောမှာလည်း သူမဟာ Stay Home အချိန်ကာလလေးဖြစ်တာကြောင့် အပျင်းအပြေ tik tok လေးတွေဆော့ကစားပြီး ပရိသတ်တွေကို အမြဲမျှဝေပေးပါတယ်။
ယနေ့မှာတော့ ဖူးပွင့်သခင်က ကန်တော်ကြီးပန်းခြံကို ညနေစောင်း လေညှင်းခံထွက်ရင်း ဆော့ကစားထားတဲ့ Tiktokဗီဒီယိုလေးကို တင်ပေးလာတာပါ။ ကြည့်မိသူတိုင်း ရင်ဖိုသွားရလောက်အောင် လုံးကြီးပေါက်လှ ကိုယ်လုံးလေးကို လိုက်ဖက်ညီတဲ့ ဂါဝန်ရှည်လေးနဲ့ အသည်းယားစရာကောင်းအောင် ဆော့ကစားထားတဲ့ ဖူးပွင့်သခင်ရဲ့ Tiktokဗီဒီယိုလေးကို ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်....။
Source & Photo credit - Phoo Pwint Tha Khin's FB account
@phoopwintthakhin09 လိမ်စမ်းညာစမ်း
original sound - Phoo Pwint Tha Khin
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။