ပရိသတ်ကြီးရေ မင်းသမီးချောလေး ဆုပန်ထွာ ကတော့ အနုပညာလောကမှာ ပြည်သူတွေရဲ့ ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ မင်းသမီး ပဲဖြစ်ပါတယ်။ လက်ရှိမှာ ဆုပန်ထွာ က သာယာပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားရပြီး မိသားစုဘဝလေးကို အေးအေးချမ်းချမ်း နဲ့ ဖြတ်သန်းနေထိုင်နေတာဖြစ်ပါတယ်။ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် နဲ့သာလုပ်ကိုင်နေတာကို တွေ့ရပါတယ်။

Photo credit-Supan Htwar's Facebook account
Photo credit-Supan Htwar's Facebook account

ဒါ့အပြင် ဆုပန်ထွာ က ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကိုမွေးထားပြီး သားဦးလေးဖြစ်တာကြောင့် ဖေဖေမေမေတို့ရဲ့ အသည်းကျော်လေးပဲဖြစ်ပါတယ်။ သူမဟာဘာသာတရားကို အထူးကိုင်းရှိုင်းသူတစ်ယောက်ဖြစ်သလို အလှူတန်းမကြာခဏလှူတန်းပေးတဲ့ ဆုပန်ထွာ က ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေဆဲပဲဖြစ်ပါတယ်။ ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ကတော့ ပရိသတ်တွေရဲ့ အချစ်တော် ဆုပန်ထွာ ရဲ့ မွေးနေ့လေးကို ကျရောက်ခဲ့ပြီလည်း ဖြစ်ပါတယ်။

Photo credit-Supan Htwar's Facebook account
Photo credit-Supan Htwar's Facebook account

ဆုပန်ထွာရဲ့ မွေးနေ့လေးအတွက် ခင်ပွန်းဖြစ်သူ ဥက္ကာကျော် နဲ့ သားလေး Roar Roar တို့က မွေးနေ့ Suriprise လေးလုပ်ပေးခဲ့တဲ့ Video လေးကို ပရိသတ်တွေကြည်နူးပီတိအောင် တင်ပေးလာခဲ့ပါတယ်။ဒီဗီဒီယိုလေးနဲ့လည်း ခင်ပွန်းဖြစ်သူ ဥက္ကာကျော်က " Happy Birthday Momma ဘုရားရှိခိုးပြီးရင် Surprise လုပ်ဖို့ Roar Roarနဲ့ စောင့်နေကြတာ ..."ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မင်းသမီး ဆုပန်ထွာ ရဲ့ယနေ့ကျရောက်ခဲ့တဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

Photo credit-Supan Htwar's Facebook account

Video & Source - Okkar Kyaw fb account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။