မခိုင်လေးလို့ အားလုံးကချစ်စနိုးနဲ့ခေါ်ဝေါ်ကြတဲ့ မင်းသမီးချော ခိုင်သင်းကြည်ကတော့ အကယ်ဒမီဆုနှစ်ဆုတိတိ ဆွတ်ခူးရရှိထားသူပဲ ဖြစ်ပါတယ် ။ ကိုယ်ပိုင်အရည်အချင်းရှိသူဖြစ်ပြီး ခေတ်အဆက်ဆက် အောင်မြင်လာခဲ့တဲ့ ခိုင်သင်းကြည်က လက်ရှိအချိန်အထိ နာမည်တစ်လုံးနဲ့ ရပ်တည်လာခဲ့တာလည်း ဖြစ်ပါတယ် ။ အထူးသဖြင့် ခိုင်သင်းကြည်က ကလေးတစ်ယောက်မိခင်လို့ မထင်ရလောက်အောင်ကို ငယ်ရွယ်နုပျိုနေတာ ဖြစ်ပါတယ် ။

Photo Credit-"KHINE THIN KYI" FB Page
Photo Credit-"KHINE THIN KYI" FB Page
Photo Credit-"KHINE THIN KYI" FB Page

မခိုင်လေးက ပိန်သွယ်လှပတဲ့ သူမရဲ့ခန္ဓာကိုယ်လေးကို အခုချိန်အထိ ထိန်းထားနိုင်တာလည်း ဖြစ်ပါတယ် ။ ဘာမှအပြစ်ပြောစရာမရှိအောင် ရိုးရိုးလေးနဲ့ လှနေတဲ့ မခိုင်လေးက အင်မတန် လူချစ်လူခင်ပေါများသူလေးဆိုရင်လည်း မှားမယ်မထင်ပါဘူးနော်။ လက်ရှိမှာတော့ မခိုင်လေးတစ်ယောက်က အိမ်ထဲမှာပဲ ချစ်ရတဲ့မိသားစုလေးနဲ့အတူ လုံလုံခြုံခြုံနေထိုင်နေတာ ဖြစ်ပါတယ် ။

Photo Credit-"KHINE THIN KYI" FB Page
Photo Credit-"KHINE THIN KYI" FB Page
Photo Credit-"KHINE THIN KYI" FB Page

အခုလည်း မခိုင်လေးက ခြံထဲဆင်းပြီး အပျင်းပြေဓာတ်ဖမ်းထားတဲ့ အလှပုံလေးတွေကို ပရိသတ်တွေအတွက် တင်ပေးလိုက်တာ ဖြစ်ပါတယ်။ ဂါဝန်အတိုလေးကို ဝတ်ဆင်ထားတဲ့ မခိုင်လေးက အရမ်းချစ်စရာကောင်းနေသလို ဆယ်ကျော်သက်အရွယ်ကောင်မလေးလို့တောင် ထင်မှတ်ရတာပဲ ဖြစ်ပါတယ် ။ ကဲ အရွယ်တင်နုပျိုပြီး လှသွေးကြွယ်နေဆဲဖြစ်တဲ့ မင်းသမီးချော ခိုင်သင်းကြည်ရဲ့အလှပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-"KHINE THIN KYI" FB Page

Photo Credit-"KHINE THIN KYI" FB Page
Photo Credit-"KHINE THIN KYI" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။