မင်းသားချော မောင်နဲ့ မင်းသမီးချော ရီရီပွင့်ဖြူတို့ကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ စုံတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့စုံတွဲလေးက နှစ်အတော်ကြာအောင် နားလည်မှုအပြည့်နဲ့ လက်တွဲခဲ့ကြတာဖြစ်ပြီး အခုဆိုရင် ချစ်သူသက်တမ်း (၇)နှစ်တောင် ကျော်လာခဲ့ပြီလည်း ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးက အနုပညာအလုပ်တွေကို မလုပ်ကိုင်တော့ပေမယ့်လည်း ပရိသတ်တွေရဲ့အချစ်ကိုတော့ ရရှိနေဆဲ ဖြစ်ပါတယ် ။

Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page

ဒါပေမယ့်လည်း မောင်တို့စုံတွဲလေးက "Sein Phyo & Yi" ဆိုတဲ့ Facebook Page လေးကိုဖွင့်ပြီး Vlog ဗီဒီယိုလေးတွေကို ရိုက်ကူးတင်ဆက်ပေးနေတာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆရာဝန်တစ်ဦးဖြစ်တဲ့ မောင်က ဖောင်ကြီး Covid Center မှာ သွားရောက်တာဝန်ထမ်းဆောင်နေတာ ဖြစ်ပါတယ် ။ အခုလည်း ချစ်သူကို စိတ်ပူနေတဲ့ ရီရီပွင့်ဖြူကတော့ သူတို့နှစ်ယောက်ရဲ့ အပြန်အလှန် ပြောစကားလေးတွေကို Screenshot ရိုက်ကာ တင်ထားတာပဲ ဖြစ်ပါတယ် ။

Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page

ရီရီပွင့်ဖြူက "ဒင်း အလုပ်ရှုပ်နေတုန်း..ဒင်းရဲ့ ချစ်ပေလွှာလေးတွေ တင်ဦးမယ်..ယူတို့ထင်သလို ရိုမနေဘူးနော်...ပုံမှန်ဆို ဂရုမစိုက်ပါဘူးနော် ဟိုရောက်နေတော့ သနားလို့ ဟိုမေးဒီမေးလုပ်တာကို ဘုကလန့်လေးတွေ ဖြေတာနော်...အကြောင်းသိအောင်တင်ပေးတာ ဖတ်သွားပေး (ဒေါက်စိန်ကို ဖောင်ကြီးကပြန်လာရင် ယဥ်ကျေးလိမ်မာသင်တန်းပို့ပါမယ်) YYPP" ဆိုပြီး ချစ်သူကို ဆေးထိုးလိုက်တာ ဖြစ်ပါတယ် ။ မောင်နဲ့ရီရီတို့စုံတွဲလေးကတော့ ချစ်သူလိုရော သူငယ်ချင်းလိုပါ ချစ်ကြတာကြောင့် ပျော်ရွှင်စရာကောင်းနေတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သူတို့နှစ်ယောက်ရဲ့စာလေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Photo Credit-"Sein Phyo & Yi" FB Page

Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page
Photo Credit-"Sein Phyo & Yi" FB Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။