အဆိုတော်နွေးနွေးချစ်ဖွယ်ကတော့ အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ပြီး ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့ပါတယ်။ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားနိုင်ခဲ့တဲ့ သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်လျက်ရှိနေပါတယ်။ ချစ်စရာကောင်းတဲ့ ပုံစံလေးနဲ့ လှပနေတဲ့ ပုံရိပ်လေးတွေကို ပရိသတ်တွေရှေ့ ချပြလေ့ရှိတဲ့ သူမကတော့ အမိုက်စားဖက်ရှင်လေးတွေကိုလည်း ဝတ်ဆင်လေ့ရှိပါတယ်။


သရုပ်ဆောင် မော်ဒယ်လ် သန္တာဗိုလ်နဲ့လည်း ညီအစ်မအရင်းတွေလို ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး မကြာခဏဆိုသလို နှစ်ယောက်သားပုံလေးတွေကို ဝေမျှပေးလေ့ရှိနေတာပါ။ ယနေ့မှာလည်း နွေးနွေးချစ်ဖွယ်က မှော်ဘီမြို့နယ်က ဂျပန်ဘုရားလို့ အများက ခေါ်ကြတဲ့ အောင်ဇမ္ဗူတောရဓမ္မရိပ်သာမှာ သူငယ်ချင်း သန္တာဗိုလ် တို့ သားအမိနဲ့အတူ ယောကီ ၃ရက်ဝတ်ခဲ့တုန်းက အမှတ်တရပုံလေးတွေကိုတင်ပေးလာတာပဲ ဖြစ်ပါတယ် ။


ကြည်နူးစရာပုံရိပ်လေးတွေအပြင် " ဒီပုံထဲက တစ်ယောက်ကတော့ အေးချမ်းစွာနားနေပြီလေ ဒီလိုနေ့လေးပေါ့ တစ်နှစ်တောင်ပြည့်ခဲ့ပြီ အန်တီဝါ သမီးသတိရတယ် စိတ်ထားကောင်းပြီးအမြဲပြုံးနေတတ်တဲ့အန်တီဝါ မြင့်မြတ်တဲ့ ဘုံဘဝမှာ ရှိနေမယ်ဆိုတာသမီးယုံကြည်တယ် မှော်ဘီ အောင်ဇမ္ဗူတောရဓမ္မရိပ်သာ တွင်ယောကီ ၃ရက်ဝတ် လက်ဖက်ထမင်းလှူဒါန်းခဲ့စဉ်က အမှတ်တရ " ဆိုတဲ့ ဝမ်းနည်းစရာစာသားလေးကိုလည်း ရေးသားလာတာဖြစ်လို့ ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။


Source & Photo credit - Nway Nway Chit Phwel's FB account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။