ချစ်ပရိသတ်ကြီးရေ...ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေပိုင်ဆိုင်ထားတဲ့ ဖူးပွင့်သခင်ကတော့ ပုရိသပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရရှိထားတဲ့ ပြည်သူချစ်အနုပညာရှင်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေ၊ကြော်ငြာရိုက်ကူးရေးတွေမှာ မကြာခဏမြင်တွေ့နေရတဲ့သူမကတော့ အနုပညာလောကမှာတစ်စထက်တစ်စ နာမည်ကျော်ကြားရေပန်းစားလာတဲ့သူလေးလည်းဖြစ်ပါတယ်။ အမိုက်စားကောက်ကြောင်းတွေနဲ့ စွဲမက်ဖွယ်ဘော်ဒီအလှတွေနဲ့လည်း ပုရိသပရိသတ်တို့ရင်ကိုဖမ်းစားထားတဲ့သူလေးပဲ ဖြစ်ပါတယ်။


ဒီတစ်ခေါက်မှာလည်း ဖူးပွင့်သခင်က ပြည်တွင်းခရီးစဥ်တွေကို သွားရောက်လည်ပတ်ခဲ့တဲ့ အမိုက်စားပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ အလန်းစားဖက်ရှင်လေးဖြစ်တဲ့ အဖြူရောင်ဝတ်စုံလေးနဲ့ ဆွဲဆောင်မှုရှိရှိ ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ အလန်းစားပုံလေးတွေကို တင်ပေးလာတာဖြစ်လို့ ချစ်ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန် အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။


ဖူးပွင့်သခင်ရဲ့ ပုံလေးတွေတိုင်းက ကိုရီးယားမင်းသမီးလေးလို အလှပိုနေတာဖြစ်ပြီး ရင်ဖိုချင်စရာကောင်းလွန်းနေတာဖြစ်လို့ ကြည့်မိသူတိုင်း အကြိုက်တွေ့မိစေမှာ အသေအချာပဲ ဖြစ်ပါတယ်။ ကဲ...ချစ်ရတဲ့ ပရိသတ်တွေကလည်း ဖူးပွင့်သခင်ရဲ့ ပုံလေးတွေကို ကြည့်ပြီး အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်. ။ ဒါ့အပြင် ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း ပရိသတ်တွေက အားပေးလိုက်ကြပါဦးနော်..... ။



Source & Photo credit - Phoo Pwint Tha Khin's FB page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။