ပရိသတ်ကြီးရေ.. အဆိုတော် မီးမီးခဲဟာအောက်တိုဘာ(၁၆)ရက်နေ့ကပဲ သူမနေထိုင်ရာ သြစတေးလျနိုင်ငံ Sydney မြို့မှာပဲ ကင်ဆာရောဂါနဲ့ ဆေးကုသမှုခံယူရင်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်နော်..။
အကြွေစောလွန်းတဲ့ မီးမီးခဲရဲ့ စိတ်မကောင်းစရာ သတင်းလေးကတော့ ပြည်သူပရိသတ်တွေအပြင် အနုပညာရှင်တွေများစွာကိုလည်း စိတ်ထိခိုက်ကြေကွဲစေပါတယ်နော်..။


ပရိသတ်တွေအပေါ်အမြဲစေတနာထား ကြင်နာလေးစားတတ်သလို အနုပညာကို ဝါသနာကြီးသူ တစ်ယောက်ပီပီ သူမရဲ့နောက်ဆုံးအချိန် မတိုင်ခင်လေးမှာ ပရိသတ်တွေအတွက် ကြိုးစားပြီးသီချင်းလေး တစ်ပုဒ်ကို အကြမ်းဖျင်းသီဆိုကာ ချန်ထားခဲ့ပါတယ်နော်..။
မီးမီးခဲဟာ မဆုံးခင်ရက်ပိုင်းအလိုက ဆေးရုံပေါ်မှာပဲဖုန်းနဲ့အသံသွင်းပြီး နောက်ဆုံးအနေနဲ့ သီချင်းအသစ်လေးတစ်ပုဒ် ချန်ထားခဲ့တဲ့အကြောင်းလေးကိုတော့ တေးရေးစံပီးက ပြောပြထားတာပါနော်..။


"မီးခဲ...မဆုံးခင် ၂ ပတ်လောက်က
ဆရာဒေါမနစ် ဆီကသီချင်းလေးတစ်ပုဒ်တောင်းခဲ့ပြီး
ကျွန်တော့်ကိုစီစဉ်ပေးဖို့ ပြောခဲ့လို့..
Mung Pi ကိုတီးခိုင်းပြီး ပြန်ပို့ပေးခဲ့တယ်..
သူအိမ်ပြန်ရောက်တဲ့ခါ သေချာဆိုမယ်ဆိုပြီး
စီစဉ်ထားပေမယ့်..ရောဂါပိုဆိုးလာလို့
ဆရာဝန်ကအိမ်ပေးမပြန်တော့ဘူး..
ဒါကြောင့် ဆေးရုံပေါ်မှာ သူမဆုံးခင် ၅ ရက်လောက်အလိုက ဖုန်းလေးနဲ့ပဲ အကြမ်းဆိုထားခဲ့တာလေးကျန်ခဲ့ပါတယ်...
ကိုအောင်ဒူး ကို Mixing ဆွဲပေးဖို့ ပြောထားပါတယ်။
ဒီသီချင်းလေးက သူ့အတွက် နောက်ဆုံး(နောက်ဆုံး )ဆိုခဲ့တဲ့ သီချင်းလေးအဖြစ် ကျန်နေခဲ့မှာပါ...
အားလုံးပြီးတဲ့အခါ သူ့အမျိုးသား Brice သူဆန္ဒရှိသလို
ထုတ်လွှင့်ဖို့ ပြန်ပို့ပေးသွားပါမယ်..." ဆိုပြီး ပြောပြထားတာပါ..။
မီးမီးခဲ ကွယ်လွန်သွားတဲ့အတွက် စိတ်မကောင်းစွာနဲ့ နှမျောတသဖြစ်ကြရသလို ပရိသတ်တွေအပေါ်ချစ်ခင်တတ်တဲ့ သူမရဲ့ စိတ်ထားလေးကိုတော့ ပရိသတ်တွေရင်ထဲ အမြဲအမှတ်ရနေကြမှာပါနော်..။

Source & Photo Credit - Seng Pi's Fb Acc & Mee Mee Khel's Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။