တက်သစ်စမင်းသမီးချောလေး ပိုးမမှီသာ က အနုပညာနယ်ပယ်မှာ အချိန်အတိုတွင်းကြိုးစားအားထုတ်မှုတွေကြောင့် နေရာတစ်နေရာကို ရပ်တည်ထားနိုင်ခဲ့ပြီးလည်း ဖြစ်ပါတယ်။ သူမဟာ စိုင်းစိုင်းရဲ့ Music Video ထဲမှာ ပါဝင်သရုပ်ဆောင်လာရာကနေ တမူထူးခြားတဲ့ အလှတရားတွေကြောင့် ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးဝန်းရံခြင်းခံရတဲ့ မင်းသမီးချောလေးပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ကြိုးစားအားထုတ်မှုတွေကြောင့် ပိုးမမှီသာ က ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးမှာတောင် ပါဝင်သရုပ်ဆောင်နေရတာကိုတွေ့ရပါတယ်။



မင်းသမီးချောလေး ပိုးမမှီသာ က ဝတ်စားဆင်ယဉ်မှုတွေမှာ ဆိုရင်လည်း ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန်ဖတ်ရှင်လေးတွေကို အမြဲဝတ်ဆင်တတ်တာကို တွေ့ရပါတယ်။ ဒါ့အပြင် ချစ်တဲ့ ပရိသတ်တွေအတွက်လည်း သူမရဲ့ နေ့စဥ်လှုပ်ရှားမှုတွေနဲ့ ချစ်စရာ ပုံလေးတွေကို အမြဲဖော်ပြပေးပါတယ်။ ယခုတစ်မှာလည်း ပိုးမမှီသာလေးက မြင်သူတိုင်းချစ်အားတွေပိုစေလောက်မယ့် လွန်ခဲ့တဲ့ ၃ နှစ်က ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။



ဒီပုံလေးတွေထဲမှာတော့ ပိုးမမှီသာ က မီးရောင်စုံတွေအောက်မှာ ကလေးလေးတစ်ယောက်လို ဟန်ဆောင်မှုကင်းတဲ့ အမူအရာလေးတွေနဲ့ ပို့စ်ပေးပြီး သီတင်းကျွတ်ညလေးကို ဖြတ်သန်းခဲ့ရတဲ့ ပုံလေးတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူမဝတ်ဆင်ထားတဲ့ ဖက်ရှင်လေးကလည်း လိုက်ဖက်နေပြီး ပင်ကိုယ်အလှတရားတွေကို ပေါ်လွင်နေခဲ့ပါတယ်။ ကဲ...ပရိသတ်ကြီးရေ မီးရောင်စုံတွေအောက်မှာ လှသွေးကြွယ်နေတဲ့ ပိုးမမှီသာ ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။



Photo Credit - Poe Mamhe Thar Fb Page
Source - Poe Mamhe Thar Fb Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။