ပရိသတ်အချစ်တော် နန္ဒာလှိုင်ရဲ့မောင်လေးဖြစ်တဲ့ သရုပ်ဆောင်မောင်ကတော့ အနုပညာအလုပ်တွေကို အချိန်အတော်ကြာအောင် လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုချိန်မှာ မောင်က အနုပညာလောကကနေ အနားယူခဲ့ပြီဖြစ်ပြီး မိသားစုစီးပွားရေးလုပ်ငန်းတွေကိုသာ လုပ်ကိုင်နေတာ ဖြစ်ပါတယ် ။ အချစ်ရေးနဲ့ပတ်သက်ရင်တော့ မောင်က ချစ်သူလေးရီရီပွင့်ဖြူနဲ့အတူ ပျော်ရွှင်စရာအချစ်ခရီးလမ်းလေးကို လျှောက်လှမ်းနေတာ ဖြစ်ပါတယ် ။



မောင်နဲ့ ရီရီပွင့်ဖြူတို့စုံတွဲလေးကတော့ အခုဆိုရင် ချစ်သူသက်တမ်း (၇) နှစ်ကျော်တောင် ရှိနေပြီပဲ ဖြစ်ပါတယ် ။ သူတို့ချစ်သူနှစ်ဦးက နားလည်မှုရှိရှိနဲ့ လက်တွဲနေကြတဲ့ စုံတွဲလေးဆိုရင်လည်း မမှားပါဘူးနော် ။ အခုလည်း ရီရီပွင့်ဖြူက မကြာခင်မှာ ဆရာဝန်တစ်ယောက်အဖြစ် ဖောင်ကြီးကို သွားရောက်ကူညီရတော့မယ့် သူမရဲ့ချစ်သူကို စိတ်ပူနေရကြောင်း ရင်ဖွင့်ပြောပြလာခဲ့တာ ဖြစ်ပါတယ် ။



ဆရာဝန်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင်မောင်ကတော့ သူကိုယ်တိုင် Covid ပိုးတွေ့လူနာအဖြစ် ဧရာဝတီစင်တာမှာ ကုသမှုခံခဲ့ရကတည်းက အထဲမှာရှိတဲ့လူနာတွေကို တတ်နိုင်သလောက် ကူညီပေးခဲ့သူ ဖြစ်ပါတယ် ။ အခုလည်း မောင်က ဖောင်ကြီးမှာရှိတဲ့ Covid စင်တာကို သွားရတော့မှာဖြစ်တာကြောင့် ရီရီပွင့်ဖြူက စိတ်ပူနေရတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်သူရဲ့ဆန္ဒကို ပါရမီဖြည့်ပေးလိုက်တဲ့ ရီရီပွင့်ဖြူရဲ့ရင်တွင်းစကားတွေကိုလည်း ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Yi Yi Pwint Phyu's FB Story



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။