ငှက်ပျောကြော်ကတော့ အနုပညာလောကမှာ မသိသူမရှိလောက်အောင်ကို နာမည်ရနေပြီးသားဖြစ်တဲ့ ပရိသတ်အချစ်တော် အနုပညာရှင်တစ်ယောက်ပါပဲနော်။ လူရွှင်တော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်နိုင်တဲ့ ငှက်ပျောကြော်ရဲ့အနုပညာအရည်အချင်းကလည်း ချီးကျူးချင်စရာကောင်းလောက်တာ ဖြစ်ပါတယ် ။ ငှက်ပျောကြော်က ယနေ့အချိန်အထိ အနုပညာလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ် ။
ငှက်ပျောကြော်က ချစ်ရတဲ့ဇနီးသည်နဲ့အတူ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ် ။ တစ်ယောက်ကိုတစ်ယောက် အရမ်းချစ်ကြတဲ့ ငှက်ပျောကြော်တို့စုံတွဲလေးကတော့ အရမ်းကို ရှေ့သွားနောက်လိုက်ညီနေတာလည်း ဖြစ်ပါတယ် ။ မနေ့ကတော့ ငှက်ပျော်ကြော်က သူချစ်ရတဲ့ဇနီးသည်ရဲ့မွေးနေ့ကို ဆုမွန်ကောင်းတောင်းပေးခဲ့သလို မွေးနေ့ပွဲလေးကိုလည်း ဖန်တီးပေးခဲ့တာ ဖြစ်ပါတယ် ။
အခုလည်း ငှက်ပျောကြော်က "နေခြည်(တားရော့)မွေးနေ့ဆုတောင်းပေးသူများအားလုံးကိုကျေးဇူးအထူးပါ..ကျန်းမာသက်ရှည်ဘုန်းကံကြီးပါစေ" ဆိုပြီး ဇနီးသည်ရဲ့မွေးနေ့ပွဲကပုံလေးတွေကို တင်ထားတာ ဖြစ်ပါတယ် ။ ငှက်ပျော်ကြော်ဇနီးရဲ့မွေးနေ့ပွဲလေးမှာတော့ ဇာဂနာနဲ့ ပန်းသီးတို့စုံတွဲလေးကလည်း အတူရှိခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် သရုပ်ဆောင်ငှက်ပျောကြော်တို့ဇနီးမောင်နှံရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Photo Credit-Ngat Pyaw Gyaw's FB Acc
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။