ယု ကတော့ ပရိသတ်တွေကို နောက်လိုက်ပြန်ပါပြီ။
အနုပညာပျိုးခင်းရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ယုသန္တာတင်ဟာ ရှုတင်ရိုက်ကူးဖို့အတွက် ပုပ္ပါးကို ရောက်ရှိနေတာပါ။
မကြာသေးမီရက်ပိုင်းထဲက ရိုက်ကွင်းထဲမှာ မြန်မာဝတ်စုံလေးတွေ ရောင်စုံဝတ်ထားပြီး ရိုးရိုးလေးနဲ့ လှနေတဲ့ သူမရဲ့ ပုံရိပ်တွေက လူမှုကွန်ရက်မှာ ပရိသတ်တွေကြား ရေပန်းစားနေခဲ့ပါတယ်။
ရိုးရိုးယဉ်ယဉ်ဖက်ရှင်လေးတွေနဲ့ နာမည်ကြီးနေတဲ့ ယုသန္တာတင်တစ်ယောက် ဇူလိုင်လ(၄)ရက််နေ့မှာတော့ သူမရဲ့ ဖေ့ဘုတ်မှာ အခုလို နောက်ပြောင်ထားပါတယ်။
အမျိုးတွေကို သွားတွေ့တာ ဆိုပြီး ရေးထားတဲ့စာနဲ့အတူ ပုပ္ပါးက မျောက်လေးတွေကို အစာသွားကျွေးဖြစ်ခဲ့တဲ့အကြောင်း စနောက်ပြီးတင်ထားပါတယ်။
ယု ကိုအားပေးတဲ့ပရိသတ်တွေရှိလား။
သတင်းအရင်းမြစ် princess yu fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။