ပရိသတ်ကြီးရေ......တက်သစ်စ သရုပ်ဆောင်တစ်ယောက်ဖြစ်ပေမယ့် အနုပညာအရည်အချင်း ပြည့်ဝတာကြောင့် ပရိသတ်အားပေးမှုကို အချိန်ခဏလေးအတွင်း ရရှိထားတဲ့ သူလေးကတော့ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ပဲဖြစ်ပါတယ်။ သူမဟာ Mrtv-4ဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ အချစ်ဖွဲ့လေညင်းဇာတ်လမ်းတွဲလေးမှာ အတွင်းရေးမှူးမလေး ရှေးရေစက်အနေနဲ့ပါ၀င်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အောင်မြင်မှုရရှိလာတာဖြစ်ပါတယ်နော်။


ချစ်စရာအပြုံးချိုချိုလေးတွေအပြင် သိမ်မွေ့ငြင်သာတဲ့ အပြုအမူလေးတွေပိုင်ဆိုင်ထားတဲ့ ခန့်ကို ပရိသတ်တွေက အချစ်ပိုပြီးရင်းပိုနေကြတာပါ....။အခုဆိုရင်လည်း ခန့်ဟာ Mrtv-4မှာလက်ရှိထုတ်လွှင့်ပြသနေတဲ့ မာယာလှည့်ကွက်ဆိုတဲ့ဇာတ်လမ်းတွဲမှာ ပိုးကြာဖြူခင်နဲ့အတူအမရာအနေနဲ့ အတွဲညီညီပါ၀င်သရုပ်ဆောင်ထားတာဖြစ်ပါတယ်......။


အခုဆိုရင်လည်းခန့်ဟာ မကြာသေးမီကလည်း သူမရဲ့ Facebookစာမျက်နှာမှာ "မန္တလေးရောက်လို့ မန္တလေးမုန့်တီနဲ့မြီးရှည် မစားရင် လူမိုက်တဲ့.... ဟုတ်လားဟင်..." ဆိုတဲ့ captionလေးနဲ့အတူ ပိုးကြာဖြူခင်နဲ့အတူ ရိုက်ကွင်းနောက်ကွယ်ကပုံရိပ်လေးတွေတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source& photo credit-Khant's Facebook page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။