ပရိသတ်ကြီးရေ ဝါရင့်သရုပ်ဆောင်  ဆောင်းအိန္ဒြေထွန်းကတော့ အနုပညာနယ်ပယ်မှာ တစ်ခေတ်တခါကတည်းက အောင်မြင်မှုတွေကို ရရှိထားတဲ့ သူပဲဖြစ်ပါတယ်။ သူမဟာ ဗီဒီဇာတ်ကားများစွာကို အကောင်းဆုံးသရုပ်ဆောင်ချက်တွေနဲ့ ရိုက်ကူးထားတာကိုတွေ့ရပါတယ်။ ဆောင်းအိန္ဒြေထွန်းကို ချစ်တဲ့ ပရိသတ်တွေကလည်း လတ်တလောမှာ မမဆောင်းလို့ အများက ချစ်စနိုးနဲ့ ခေါ်ကြပါသေးတယ်။

Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account

ယနေ့အချိန်ထိလည်း ဆောင်းအိန္ဒြေထွန်းကအနုပညာအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေပြီး ကြော်ငြာလေးတွေ ဆက်တိုက်ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ ဒါ့အပြင်ဆောင်းအိန္ဒြေထွန်းဟာ ရှိရင်းစွဲအသက်ထက် ငယ်ရွယ်နုပျိုနေပြီး ချောမောလှပနေတုန်းပဲဖြစ်ပါတယ်။ ယခုမှာတော့ ဆောင်းအိန္ဒြေထွန်းက ပရိသတ်တွေ ချစ်အားပိုစေမယ့် ပုံရိပ်လေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account

ဒီပုံလေးတွေထဲမှာတော့ ဆောင်းအိန္ဒြေထွန်းကမြန်မာဝတ်စုံလေးတွေနဲ့ ချစ်စရာကောင်းနေပြီး အချိုးအစားပြေပြစ်တဲ့ ဂီတာရှိတ်လေးလို ခန္ဓာကိုယ်လေးနဲ့ လှနေတာဖြစ်ပါတယ်။ဒါ့အပြင် ဆယ်ကျော်သက်လူငယ်တွေတောင် အရှုံးပေးရလောက်အောင် ဆွဲဆောင်မှုရှိရှိ လှရက်လွန်းနေတာဖြစ်ပါတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ မြန်မာဝတ်စုံလေးနဲ့ အသည်းယားစရာကောင်းအောင် ပို့စ်ပေးနေတဲ့ မမဆောင်းရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြလိုက်ပါတယ်။

Photo Credit - Saung Eaindray Tun's Facebook Account
Photo Credit - Saung Eaindray Tun's Facebook Account

Photo Credit : Saung Eaindray Tun's Facebook Account

Source :Saung Eaindray Tun's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။