အနုပညာမျိုးဆက်သစ်ဖြစ်တဲ့ မှုံနံ့သာကတော့ ဝါရင့် သရုပ်ဆောင် အနုပညာရှင်ကြီး ကျော်ရဲအောင်ရဲ့ သမီးလေးပဲ ဖြစ်ပါတယ်။ ဗီဒီယိုခေတ် ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေတိုင်အောင် လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားခဲ့တဲ့ ကျော်ရဲအောင်ရဲ့ သရုပ်ဆောင်မှုတွေက တမူထူးခြားပြီး သဘာဝကျလွန်းတာဖြစ်လို့ အများရဲ့ ချီးကျူးပြောဆိုမှုကို တစ်ခဲနက်ရရှိထားတဲ့ မင်းသားကြီးပါနော်။


ယခုမှာလည်း သူရဲ့ သမီးလေးဖြစ်တဲ့ မှုံနံ့သာက ဖခင်ရဲ့ ခြေရာကို အမှီလိုက်နိုင်သူလည်း ဖြစ်ပါတယ်။ ကြော်ငြာတွေနဲ့ Photo shooting တွေကို လက်ခံရိုက်ကူးနေပြီ ဖြစ်တဲ့ မှုံနံ့သာက မကြာသေးမီအချိန်ကလည်း ရုပ်ရှင်ဇာတ်ကားကြီးအတွက် ကမ်းလှမ်းခြင်းကို ခံရသူပါ။ ဆယ်ကျော်သက်အရွယ်ရှိပြီဖြစ်တဲ့ သူမကို ပုရိသပရိသတ်တွေက အားပေးဝန်းရံနေကြတာလည်း ဖြစ်ပါတယ်။


ယနေ့မှာလည်း ကြည့်မိသူတိုင်း ကြွေကျသွားရလောက်အောင် နိုင်ငံခြား သီချင်းလေးနဲ့ ကပြထားတဲ့ ဗီဒီယိုလေးကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။ မှုံနံ့သာရဲ့ ကကွက်လေးတွေက ဆန်းပြီး အမိုက်စားဖြစ်တာကြောင့် ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော် ။ ကဲ...သူမရဲ့ ဆက်လက်လျှောက်လှမ်းမယ့် အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးကြမယ်မလား....... ။


Source & Photo credit - Hmone Nathar Kyaw Ye Aung 's FB page
@hmone.nathar Guess who just woke up from a mid day nap
Rags2Riches x 24 x Goosebumps - carneyval
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။