ပရိသတ်ကြီးရေ ရုပ်ရှင်သရုပ်ဆောင်နိုင်းနိုင်းကတော့ သားသမီးလေးယောက်ရဲ့ဖခင်ဖြစ်ပါတယ်နော်။သူ့ရဲ့မိသားစုလေးက နယူးယောက်မှာ အခြေချနေထိုင်နေကြတာဖြစ်လို့ နိုင်းနိုင်းကတော့ အားတဲ့အချိန်တိုင်း ပြန်သွားနေကျဖြစ်ပါတယ်။နိုင်းနိုင်းတို့မိသားစုလေးက စည်းစည်းလုံးလုံးနဲ့ အရမ်းပျော်စရာကောင်းလို့ ပရိသတ်တွေက အားကျပြီး အရမ်းချစ်နေကြတာဖြစ်ပါတယ်။


နိုင်းနိုင်းတို့ဇနီးမောင်နှံနှစ်ယောက်ကလည်း ကလေးတွေကို အစွမ်းကုန်ပြုစုပျိုးထောင်ပေးကြတာကြောင့် သားသမီးလေးယောက်လုံးက လိမ္မာရေးခြားရှိကြပါတယ်နော်။နိုင်းနိုင်းကတော့ မြန်မာပြည်နဲ့ နယူးယောက်ကို အမြဲကူးသန်းနေတာဖြစ်ပြီး အခုလတ်တလောမှာဆိုရင် မြန်မာပြည်ကို ပြန်လည်ရောက်ရှိနေတာဖြစ်ပါတယ်။နိုင်းနိုင်းက မြန်မာပြည်ကိုပြန်လာချိန်မှာ Quarantineကို ရက်ပြည့်အောင်ဝင်ခဲ့တာဖြစ်ပါတယ်နော်။



နိုင်းနိုင်းက Quarantineဝင်နေချိန်မှာ တစ်ယောက်တည်းဖြစ်နေတာကြောင့် ချစ်ဇနီးနဲ့ သားသမီးတွေက Video Callခေါ်ပြီး အဖော်လုပ်ပေးတာဖြစ်ပါတယ်။နိုင်းနိုင်းက ချစ်ဇနီးနဲ့ Video Callပြောနေချိန်မှာ ဗလတွေထုတ်ပြီး မျက်နှာပြောင်ပြနေတာဖြစ်ပါတယ်။နိုင်းနိုင်းတို့မိသားစုလေးက မြင်ရသူတိုင်းကို ကြည်နူးမှုဖြစ်စေလို့ ပရိသတ်ကြီးအတွက် သူတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။


Source&Photo Credit:Sandy Cho's Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။