Project K အဖွဲ့ကတော့ မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံတွေအထိပါ အောင်မြင်မှုရရှိနေတဲ့ Boy Band တစ်ခုဖြစ်ပါတယ်။ တစ်ယောက်ချင်းစီမှာ အရည်အချင်းကောင်းတွေအပြည့်ရှိသလို ပူးပေါင်းဆောင်ရွက်တတ်တဲ့စိတ်လည်းရှိတဲ့ သူတို့အဖွဲ့လေးက အရမ်းကိုအောင်မြင်နေတာပဲ ဖြစ်ပါတယ် ။ အထူးသဖြင့် Project K အဖွဲ့က ယနေ့ခေတ် ပျိုပျိုမေလေးတွေကြားမှာ မသိသူမရှိလောက်အောင်ကို ရေပန်းစားနေတာ ဖြစ်ပါတယ် ။

Photo Credit-Project K's Facebook Page
Photo Credit-Project K's Facebook Page
Photo Credit-Project K's Facebook Page

မကြာသေးခင်ကလည်း Project K အဖွဲ့က ဖျော်ဖြေပွဲအတွက် မြန်မာနိုင်ငံကနေ ကိုရီးယားနိုင်ငံကို ခရီးထွက်လာခဲ့ကြတာ ဖြစ်ပါတယ် ။ ကိုရီးယားနိုင်ငံမှာ Training လုပ်နေတဲ့ သူတို့အဖွဲ့လေးက အခုဆိုရင် သင်တန်းကာလပြီးဆုံးသွားပြီဖြစ်လို့ "Asia Song Festival 2020"မှာ ဖျော်ဖြေရတော့မှာ ဖြစ်ပါတယ် ။ သင်တန်းဆင်းပွဲနေ့မှာတော့ Project K အဖွဲ့သားတွေက သူတို့ကိုပညာသင်ကြားပေးတဲ့ ဆရာ၊ဆရာမတွေနဲ့ ကျေးဇူးတင်ထိုက်သူတွေကို မြန်မာ့ယဥ်ကျေးမှုနဲ့အညီ ဂါရဝပြုကန်တော့ခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-Project K's Facebook Page
Photo Credit-Project K's Facebook Page
Photo Credit-Project K's Facebook Page

ဒီအကြောင်းကို Project K အဖွဲ့က "ဒီနေ့ ကိုရီးယားမှာ သင်တန်းဆင်းပွဲလေးပြီးတော့ ဤ Program ဖြစ်မြောက်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းပေးခဲ့သူများ ၊ ဆရာများ ၊ ဆရာမများကို ကျွန်တော်တို့ မြန်မာ့ ထုံးတမ်းအစဉ်လာအရ ဂါရဝပြု ရှိခိုးကန်တော့ခဲ့ကြပါတယ် ၊၊ ချစ်ဖို့ကောင်းတာလေးတစ်ခုက သူတို့လည်းတစ်ခါမှ ကန်တော့မခံဖူးဘူးထင်တယ် ၊၊ ကိုယ်တွေကန်တော့တော့ သူတို့ပါ လက်အုပ်လေးတွေ ချီထားကြတယ် ။ Thz a lot everybody" ဆိုပြီး တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် Project K အဖွဲ့သားတွေရဲ့ပုံရိပ်တွေနဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Project K's Facebook Page

Photo Credit-Project K's Facebook Page
Photo Credit-Project K's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။