ပရိသတ်ကြီးရေ သွယ်လျကျစ်လျစ်တဲ့ အမိုက်စား ခန္ဓာကိုယ်လေးအပြင် ဆွဲဆောင်မှုရှိတဲ့ အလှတရားတွေနဲ့ ချစ်စရာကောင်းတဲ့သူကတော့ မင်းသမီးချော အေးဝတ်ရည် ပဲဖြစ်ပါတယ်။ အေးဝတ်ရည်သောင်း ကို ချစ်တဲ့ပရိသတ်တွေက ချစ်စနိုးလေးနဲ့ မအေးသောင်းလို့လည်းခေါ်တတ်ကြပါသေးတယ်။ ဒါ့အပြင် အနုပညာလောကမှားလည်း ယနေ့အချိန်ထိ အောင်မြင်နေပြီး ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိနေတုန်းပဲဖြစ်ပါတယ်။
အေးဝတ်ရည်သောင်း က စိတ်သဘောထားပြည့်ဝပြီး အနေအေးတဲ့သူတစ်ယောက်ဖြစ်သလို ဝတ်စားဆင်ယဥ်မှုမှာလည်း မြန်မာဆန်ဆန်ဝတ်ရှင်ဝတ်စုံလေးတွေနဲ့ လိုက်ဖက်ညီညီ ဝတ်ဆင်တတ်တဲ့ သူပဲဖြစ်ပါတယ်။ လတ်တလော StayHome အချိန်လေးမှာတော့ ချစ်စရာပုံရိပ်လေးတွေအပြင် အသည်းယားစရာ tik tok လေးတွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း အေးဝတ်ရည်သောင်းက အပျင်းပြေဆော့ကစားထားတဲ့ tik tok လေးကို တင်ပေးလာခဲ့ပါတယ်။
ဒီဗီဒီယိုလေးထဲမှာတော့ အေးဝတ်ရည်သောင်း က ခေတ်စားနေတဲ့ သီချင်းလေးနဲ့ အပီအပြင်ကို ဆော့ကစားထားတာဖြစ်ပါတယ်။ ဒါ့အပြင် ဆော့ကစားနေတဲ့ သူမရဲ့အမူအရာလေးတွေကလည်း ချစ်စရာကောင်းလောက်ပါတယ်။ကဲ...ချစ်ပရိသတ်ကြီးရေ တီးလုံးလေးအတိုင်း လိုက်ကနေတဲ့ အေးဝတ်ရည်သောင်းရဲ့ ချစ်စရာ tik tok လေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Photo Credit -Aye Thaung Facebook Account
Video & Source - Aye Thaung Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။