မင်းသမီးချောလေး ရွှေပိုးအိမ်ကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်ရင်း ပရိသတ်အချစ်တွေကို ခံယူနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ရွှေပိုးအိမ် ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတွေကို ပရိသတ်တွေက အားပေးကြည့်ရှုကြပြီး သူမရဲ့ ပိုင်နိုင်တိကျတဲ့ သရုပ်ဆောင်တွေကြောင့် ဇာတ်ကားထဲ စီးမျောပါသွားရပါတယ်နော်။ရွှေပိုးအိမ်က ပြည့်ပြည့်ဖောင်းဖောင်းလေး နဲ့ချစ်စရာကောင်းတဲ့ ပုံလေးတွေကြောင့် လူချစ်လူခင် ပေါများကာပရိသတ်တွေ ချစ်ခင်ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account

ရွှေပိုးကတော့ အနုပညာအလုပ်တွေဆက်တိုက် လုပ်နေသလို ပရဟိတ လုပ်ငန်းတွေမှာလည်း ကိုယ်တိုင်ပါဝင်ကူညီလုပ်ဆောင်နေတာလည်းတွေ့ရပါတယ်။လတ်တလောမှာလည်း နာရေးကူညီမှုအသင်း ရန်ကုန်ကို လိုအပ်နေတဲ့ PPE နဲ့ N95 Mask များကိုလှူဒါန်းခဲ့တဲ့ အလှူမှတ်တမ်းလေး ကိုဖော်ပြထားတာတွေ့ရပါတယ်။အလှူမှတ်တမ်းလေးကြည့်ပြီး တကယ်ကို လေးစား အားကျမိတာ အမှန်ပဲဖြစ်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account

ဒါ့အပြင် အရမ်းချစ်စရာကောင်းတဲ့ ရွှေပိုးကတော့ ဗီဒီယိုဇာတ်ကားများတွင် ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်သရုပ်ဆောင်နိုင်ပြီး ချစ်စရာဟန်ပန်အမူအရာလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတာဖြစ်ပါတယ်။ချစ်ပရိသတ်တွေအတွက် ရွှေပိုးရဲ့ အလှူ ပုံလေးတွေကို မျှဝေပေးလိုက်ပါတယ်။ရွှေပိုးလည်း ဒီထက်မကအောင်မြင်မှုတွေရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Shwe Poe Eain Facebook Account
Photo Credit : Shwe Poe Eain Facebook Account

Source & Photo Credit : Shwe Poe Eain Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။