တစ်ခေတ်တခါက ဂီတလောကမှာ အောင်မြင်ကျော်ကြားပြီး ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အပြည့်အဝရရှိခဲ့တဲ့ သူကတော့ အဆိုတော်ဦးအောင်ရင် ပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဦးအောင်ရင်က အနုပညာအလုပ်တွေကို အရင်ကလို လုပ်ကိုင်နေတာမတွေ့ရတော့ပဲ အင်္ဂလန်နိုင်ငံမှာချစ်ရတဲ့ဇနီးနဲ့အတူ အခြေချနေထိုင်နေတာဖြစ်ပါတယ်။ မြန်မာပြည်ကိုတော့ တစ်ခါတလေမျှသာ ပြန်လာတာကိုလည်း တွေ့ရပါတယ်။

Source-Aung Yin's Facebook Account
Source-Aung Yin's Facebook Account
Source-Aung Yin's Facebook Account

အနုပညာအလုပ်တွေ ရပ်နားထားခဲ့ပေမယ့်လည်း ပရိသတ်တွေနဲ့ အဆက်သွယ်မပြတ်သွားအောင် နေ့စဥ်လှုပ်ရှားမှုပုံရိပ်တွေကို အမြဲဖော်ပြပေးပါတယ်။ ယခုမှာတော့ ဦးအောင်ရင် က ပရိသတ်တွေအတွက် သူ့ရဲ့ အမှတ်တရ ပုံရိပ်တချို့ကိုပြန်လည် ဖော်ပြလာခဲ့ပါတယ်။ ဒီပုံလေးတွေကတော့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အဆိုတော်တင်ဇာမော်ရဲ့ တစ်ကိုယ်တော် Show သွားကြည့်တုန်းက အမှတ်တရလေးတွေရှိခဲ့တဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။

Source-Aung Yin's Facebook Account
Source-Aung Yin's Facebook Account
Source-Aung Yin's Facebook Account

ဒီပုံလေးတွေနဲ့လည်း ဦးအောင်ရင်က " လွန်ခဲ့တဲ့ ၃ နှစ်ကတင်ဇာမော် One Lady Show သွားကြည့်တော့ ပွဲအပြီးမှာ မသီတာ ( အဆိုတော်အငဲရဲ့ဇနီး ) က ဦးအောင်ရင်၊ ဒေါ်မိုးနဲ့ဘော်ဒါတွေတစ်ဖွဲ့လုံးကို ညလည်စာကျွေးဖို့ Soccer House Cafe ကိုခေါ်သွားတယ်၊ မသီတာက ကျွန်တော်တို့ရောက်နေကြောင်း ဆိုင်ရှင်တွေကိုဖုန်းဆက်လှမ်းပြောတော့ ညကြီးမိုးချုပ်ဖြစ်နေပေမယ့် လင်းလင်းနဲ့ချစ်သူဝေရောက်လာပြီး ပိုက်ဆံမယူပဲနဲ့ကိုယ်တိုင်ဧည့်ခံကျွေးမွေးခဲ့တာ အမှတ်တရပါပဲ၊ မသီတာ၊ လင်းလင်းနဲ့ချစ်သုဝေ တို့ကျေးဇူးပါ" ဆိုပြီး ရေးသားခဲ့ပါတယ်။ ကဲ..ချစ်ပရိသတ်ကြီးရေ ယခုမှာတော့ ဦးအောင်ရင်ရဲ့ လွန်ခဲ့တဲ့ ၃ နှစ်လောက်က အမှတ်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source-Aung Yin's Facebook Account
Source-Aung Yin's Facebook Account
Source-Aung Yin's Facebook Account

Source-Aung Yin's Facebook Account

Photo credit-Aung Yin's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။