ပရိသတ်ကြီးရေ.. လတ်တလောမှာတော့ တစ်နေ့တခြားဆိုးရွားနေတဲ့ Covid -19 ရောဂါကြီး ပြန့်ပွားကူးစက်မှုတွေကြောင့် ပြည်သူပရိသတ်တွေအားလုံး စိုးရိမ်မှုတွေနဲ့ သွားလာနေထိုင်နေကြရပါတယ်နော်..။

အခုလို Stay Home နေရတဲ့ အချိန်ကာလလေးမှာလည်း အစိုးရနဲ့ ပြည်သူပရိသတ်တွေ တော်တော်များများကလည်း Covid လူနာတွေနဲ့ Qစင်တာတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှုလေးတွေ အင်တိုက်အားတိုက် ပြုလုပ်နေကြတာလည်း တကယ်ကို ဝမ်းသာစရာပါပဲနော်..။

Photo Credit - Thiri Shinn Thant's Fb Account
Photo Credit - Thiri Shinn Thant's Fb Account

အခုတစ်ခါမှာတော့ သရုပ်ဆောင်မင်းသမီးချောလေး သီရိရှင်းသန့်ကလည်း Covid လူနာတွေအတွက် သွေးရည်ကြည်လှူဒါန်းကာ မွန်မွန်မြတ်မြတ်လေး ကုသိုလ်ယူခဲ့ပြန်ပါတယ်နော်..။

သူမရဲ့သွေးရည်ကြည်နဲ့ Covid လူနာနှစ်ယောက်ရဲ့ အသက်ကို ကယ်ခွင့်ရလို့ ပီတိမျက်ရည်လေးတွေ ကျခဲ့ရတဲ့အကြောင်းလေးနဲ့ သွားရောက်လှူဒါန်းခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း သီရိရှင်းသန့်က ပရိသတ်တွေကို ဝေမျှထားပါသေးတယ်..။

Photo Credit - Thiri Shinn Thant's Fb Account
Photo Credit - Thiri Shinn Thant's Fb Account
Photo Credit - Thiri Shinn Thant's Fb Account

"သွေးသည် အသက်" တဲ့ ....

သွေးကိုလှူတာက အသက်ကိုလှူခြင်းပါတဲ့ ....

ဒီနေ့ သီရိ ရဲ့သွေးရည်ကြည်လှူဒါန်းခဲ့ရပြီး Covid 19 လူနာ ၂ ယောက်ရဲ့အသက်ကို ကယ်တယ်ခွင့်ရလို့ တကယ်ကို အတိုင်းမသိ မျက်ရည်ကျပြီး ကြည်နူးပီတိဖြစ်ခဲ့ရတယ်...

နောက်လည်း လူပေါင်းများစွာရဲ့ အသက်ကိုကယ်တင်နိုင်တဲ့သူ .... လောကကို ကောင်းကျိုးပြုနိုင်တဲ့သူဖြစ်ချင်ပါတယ်ရှင့်....." ဆိုပြီး သူမရဲ့အလှူလေးကို ပြောပြထားတာပါ..။

ချစ်ရတဲ့ ပရိသတ်တွေလည်း သူမရဲ့ မွန်မြတ်လွန်းတဲ့ သွေးရည်ကြည်အလှူကုသိုလ်လေးကို ဝမ်းသာပီတိတွေနဲ့အတူ အကျော်လေးတွေ ကူးစက်နေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်နော်..။

Photo Credit - Thiri Shinn Thant's Fb Account
Photo Credit - Thiri Shinn Thant's Fb Account
Photo Credit - Thiri Shinn Thant's Fb Account

Source & Photo Credit - Thiri Shinn Thant's Fb Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။