တစ်ချိန်က အရမ်းနာမည်ကြီးခဲ့တဲ့ မိန်းကလေးပရိသတ်တွေအကြိုက် No အဖွဲ့ကို မေ့နေကြပြီလား။
No အဖွဲ့ထဲမှာ ရည်မွန် ရတနာ သဇင် ဆိုတဲ့ ချစ်စရာကောင်းတဲ့ ကောင်မလေး(၃)ယောက်ရဲ့ သီချင်းလေးတွေကတော့ Admin တို့ဆယ်ကျော်သက်ဘဝတုန်းက အရမ်းကြိုက်ခဲ့ရတာပါ။
သူတို့ထဲမှာ Rap စာသားလေးတွေအမြဲရွတ်ဆိုခဲ့တဲ့ ရည်မွန်ကတော့ အိမ်ထောင်ကျပြီး အခုချိန်မှာ သားသားလေးတစ်ယောက် ရရှိထားပါတယ်။
No အဖွဲ့လေးကွဲသွားပေမယ့် လက်ရှိအချိိန်ထိသူတို့သီချင်းလေးတွေကတော့ ဘယ်အချိန်ပြန်နားထောင်ထောင် မရိုးတဲ့သီချင်းလေးတွေမလား ပရိသတ်ကြီးရေ။
ခင်ပွန်းသည်နဲ့ သားသားလေးတစ်ယောက် နဲ့အတူ မိသားစုဘဝလေးဖြတ်သန်းနေတဲ့ရည်မွန်တစ်ယောက် အနုပညာအလုပ်တွေပြန်မလုပ်ဖြစ်တော့တာ ဘာကြောင့်လဲဆိုတာ ဒီပုံလေးတွေကြည့်လိုက်ပါဦး။
ချစ်စရာကောင်းတဲ့ သားသားလေးကတော့ ပုဆိုးလေးနဲ့ အရမ်းကြည့်လို့ကောင်းနေပါတယ်။
ရည်မွန်တို့သားအမိ ချစ်ဖို့ကောင်းတယ်မလား။





သတင်းအရင်းမြစ် yee mon fb
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။