အဆိုတော် နီနီခင်ဇော် ကတော့ ဂီတနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းနေတဲ့ တေးသံရှင်ပဲဖြစ်ပါတယ်။သူမဟာ အဆိုပိုင်းမှာသာမက ကတဲ့နေရာမှာ ကျွမ်းကျွမ်းကျင်ကျင် နဲ့ ကတတ်တဲ့ သူလေးပဲဖြစ်ပါတယ်။ ဒါ့အပြင် နီနီခင်ဇော် က လူငယ်တစ်ယောက်ဖြစ်တာနဲ့အညီ လွတ်လွတ်လပ်လပ်နေတတ်တဲ့သူပြီး ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေနဲ့ ချစ်စရာကောင်းနေတာဖြစ်ပါတယ်။


နီနီခင်ဇော် ကတော့ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က အသက် ၂၉ နှစ်ပြည့် မွေးနေ့လေးကို ကျရောက်ခဲ့ပါတယ်။ မကြာခဏဆိုသလို သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ချစ်စရာပုံလေးတွေကိုလည်း ဖော်ပြပေးပါတယ်။ ယနေ့မှာတော့ နီနီခင်ဇော် ဟာ အစ်ကိုဖြစ်သူရဲ့ မွေးနေ့အမှတ်တရအနေ့နဲ့ ဧရာဝတီ foundation Quarantine Centerကို အလှူငွေသွားရောက်လှူဒါန်းခဲ့တဲ့ ပုံလေးတွေကို တင်ပေးလာပြီး ဒီပုံလေးအပြင် အလှူလေးနဲ့ပတ်သက်တာလေးတွေကို ရေးသားဖော်ပြလာခဲ့ပါတယ်။


"နီနီအကို မွေးနေ့အမှတ်တရ မိသားစုနှင့် ပရိသတ်များအလှူအဖြစ် ဧရာဝတီ foundation Quarantine Center အတွက် အလှူငွေ ၁၀သိန်းကျပ် သွားရောက်လှူဒါန်းခဲ့ပါတယ်.....COVID 19 ကပ်ဆိုးကာလမှာ ပြည်သူတွေအတွက် ဆောင်ရွက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ အသင်းအဖွဲ့ Volunteers များအားလုံးကို ကျေးဇူးတင်လေးစားလျှက်...တစ်ဖက်တလမ်းမှပါဝင်ခွင့်ရတဲ့အတွက် ပရိသတ်များနှင့်အတူဝမ်းသာပါတယ်... အားလုံး ရောဂါကပ်ဘေးမှအမြန်ဆုံးကင်းဝေးနိုင်ပါစေ" ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...Myanmarload ချစ်ပရိသတ်ကြီးရေ အစ်ကိုဖြစ်သူရဲ့ မွေးနေ့အမှတ်တရအနေ့နဲ့ မွန်မြတ်တဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ နီနီခင်ဇော်တို့မောင်နှမနှစ်ယောက်ကို ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။
Photo Credit - NiNiKhinZaw fb page
Source - NiNiKhinZaw fb page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။