ပရိသတ်အချစ်တော် အနုပညာရှင်တစ်ဦးဖြစ်တဲ့ မြတ်ရတနာကျော်ကတော့ သီချင်းဗီဒီယိုလေးတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး နာမည်ရအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ အပြုံးချိုချိုလေးတွေနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ မြတ်ရတနာကျော်ကို ယောက်ျားလေးပရိသတ်တွေရော မိန်းကလေးပရိသတ်တွေပါ ကြွေနေရတာ ဖြစ်ပါတယ်။
မြတ်ရတနာကျော်က အပြစ်ကင်းတဲ့အလှစစ်တွေကို ပိုင်ဆိုင်ထားပြီး ကလေးအမေဖြစ်သွားတာတောင်မှ အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ်။မြတ်ရတနာကျော်က အဆိုတော်အာဘွိုင်းနဲ့ ထိမ်းမြားလက်ထပ်ပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ တစ်သားမွေးတစ်သားလှလို့ဆိုရမယ့် မြတ်ရတနာကျော်က အိမ်ထောင်ကျပြီး နောက်ပိုင်းမှာလည်း ပိုလှလို့လာတာ ဖြစ်ပါတယ်။
ဒါ့ပြင် သူမရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေအပြင် ချစ်စရာသမီးလေးရဲ့ ပုံလေးတွေကိုပါအမြဲဖော်ပြပေးလေ့ရှိသူလေးလည်းဖြစ်ပါတယ်။လတ်တလောမှာလည်း ရှမ်းရိုးရာဝတ်စုံလေးဝတ်ကာ ချစ်စရာကောင်းလွန်းနေတဲ့ ခရီးသွား အမှတ်တရ ပုံရိပ်လေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။ ပုံလေးတွေတိုင်းမှာ မြင်သူတိုင်း အချစ်ပိုရလောက်အောင်လှရက်လွန်းတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။
Source & Photo Credit : Myat Yadanar Kyaw Facebook Account
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။