ချစ်ရတဲ့ ပရိသတ်ကြီးရေ... အနုပညာနယ်ပယ်မှာ အချိန်အတိုလေးတွင်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို အပြည့်အဝရရှိလာခဲ့တဲ့သူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ဖြူဖြူထွေးပဲဖြစ်ပါတယ်။ ဖြူဖြူထွေးဟာ ရိုးသားဖြူစင်ပြီး စကားပြောပွင့်လင်းသူဖြစ်ကာ လူအများ သတိပြုမိစရာ အပြုံးချိုချိုလေးတွေကြောင့်လည်း ချစ်ခင်သူတွေများပြားနေတာကိုလည်း တွေ့ရပါတယ်။ 

Photo credit - Amazing Grace
Photo credit - Amazing Grace

ဖြူဖြူထွေးက လက်ရှိအနုပညာလှုပ်ရှားမှုအနေနဲ့ကတော့ ကြော်ငြာဗီဒီယိုလေးတွေအပြင် photo shootingတွေကိုလည်း ပါဝင်ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ဖြူဖြူထွေးက အသက်ငယ်ရွယ်ပေမယ့်လည်း ဘာသာရေးကိုင်းရှိုင်းပြီး အလှူအတန်းတွေမှာလည်း ရက်ရက်ရောရော လှူဒါန်းပေးတတ်သူဖြစ်လို့ အများက အချစ်ပိုနေရသူလေးဆိုရင်လည်း မမှားနိုင်ပါဘူး။ ဝတ်စားဆင်ယဥ်မှုမှာလည်း မြန်မာဆန်ဆန်ဖက်ရှင်ဝတ်စုံလေးတွေအပြင် ခေတ်ပေါ်ဖက်ရှင်တွေကိုလည်း လိုက်ဖက်ညီညီ ဝတ်ဆင်တတ်သူပဲဖြစ်ပါတယ်။ 

Photo credit - Amazing Grace
Photo credit - Amazing Grace

ယခုမှာတော့ ဖြူဖြူထွေးက ပရိသတ်တွေချစ်အားပိုလောက်မယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။ ခမ်းနားလှပတဲ့ ဝတ်စုံရှည်ကြီးနဲ့ လိုက်ဖက်ညီနေပြီး ထိုင်းမင်းသမီးလေးတစ်ပါးလို ကျက်သရေရှိစွာ လှနေတာဖြစ်လို့ ပရိသတ်တွေအတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါရစေနော် ။ ပုံလေးတွေကို ပရိသတ်တွေကလည်း အသည်းလေးတွေပေးခဲ့ဖို့ မမေ့လိုက်ပါနဲ့နော်။

Photo credit - Amazing Grace
Photo credit - Amazing Grace

Photo credit - Amazing Grace

Source - Phyu Phyu Htwe's Instagram Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။