ပရိသတ်ကြီးရေ မင်းသားချော ပိုင်တံခွန်ကတော့ လက်ရှိမှာ အရမ်းကိုအောင်မြင်ကျော်ကြားနေတဲ့ မင်းသားလေးလို့ ဆိုနိုင်ပါတယ်။ အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားတဲ့ ရုပ်ရည်ကို ပိုင်ဆိုင်ထားတဲ့ ပိုင်တံခွန်တစ်ယောက် ထိုင်းနိုင်ငံက မိန်းကလေးပရိသတ်တွေကြားမှာ အတော်လေးရေပန်းစားအောင်မြင်နေတာ ဖြစ်ပါတယ်။ အလုပ်တွေကြိုးစားလုပ်ကိုင်သလို မိဘကိုလည်း သိတတ်လိမ္မာတဲ့ သားလေးအဖြစ် ပရိသတ်တွေကြား နာမည်ကျော်ကြားတာလည်းတွေ့ရပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

ပိုင်တံခွန်ကတော့ ကြော်ငြာ၊ သီချင်းဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်း ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ ပွဲအခမ်းအနားတွေလည်း ဆက်တိုက်ဆိုသလို တက်ရောက်နေရတဲ့ ပိုင်တံခွန်က တဖြည်းဖြည်းနဲ့ ကျော်ကြားအောင်မြင်လာတာလည်း ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဆွဲဆောင်မှုရှိလွန်းတဲ့ အပြုံးလေးတွေနဲ့ မိန်းမလှလေးတွေကြွေသွားရလောက်တဲ့ ပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

ပုံလေးတွေတိုင်းမှာ ချောမောခန့်ညားလွန်းနေတာကြောင့်ကောင်မလေးတွေကြွေနေကြတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံမှာပါ ပရိသတ်တွေ အများအပြားရရှိပြီး နာမည်ကြီးလူကြိုက်များနေတဲ့ ပိုင်တံခွန်ကတော့ တစ်နေ့ထက်တစ်နေ့ ပိုမိုအောင်မြင်လာတာ တွေ့ရပါတယ်။ချစ်ပရိသတ်ကြီးအတွက် ပိုင်တံခွန်ရဲ့ ပုံလေးတွေကိုမျှဝေပေးလိုက်ပါတယ်။ပိုင်တံခွန်လည်း အနုပညာလုပ်ငန်းတွေမှာ ဒီထက်မကအောင်မြင်မှုတွေရရှိပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit : Paing Takhon Facebook Page
Photo Credit : Paing Takhon Facebook Page

Source & Photo Credit : Paing Takhon Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။