ချစ်ပရိသတ်ကြီးရေ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခန့်ကတော့ အချစ်ဖွဲ့လေညင်း ဇာတ်လမ်းတွဲလေးကတစ်ဆင့် ပရိသတ်ရင်ထဲ ဝင်ရောက်လာခဲ့သူလေးပဲ ဖြစ်ပါတယ်။ ပီပြင်တဲ့ သရုပ်ဆောင်မှုတွေနဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကို ပုံဖော်ပေးနိုင်သူဖြစ်လို့ ခဏလေးအတွင်း အောင်မြင်မှုတွေများစွာ ရရှိထားတဲ့ သူမက အခုလက်ရှိမှာလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ 

Photo credit - Khant's Facebook Account
Photo credit - Khant's Facebook Account

ခန့်က မကြာ​သေးမှီအချိန်က သူမ ပါဝင်ရိုက်ကူးထားတဲ့ " မာယာလှည့်ကွက် " ဆိုတဲ့ ဇာတ်လမ်းတွဲလေးကလည်း MRTV -4မှာ ထုတ်လွှင့်ပြသနေပြီပဲ ဖြစ်ပါတယ်။ အပိုင်း (၁)ပဲ ရှိသေးပေမယ့် ပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ဇာတ်လမ်းတွဲလေးဖြစ်လို့ ခန့်က အလွန်ပျော်ရွှင်နေတာလည်း ဖြစ်ပါတယ်။ ယနေ့မှာတော့ ခန့်က သူမရဲ့ လူမှုကွန်ယက် စာမျက်နှာထက်မှာ ရိုက်ကွင်းနောက်ကွယ်က အမှတ်တရပုံရိပ်လေးကို တင်ပေးလာတာပဲ ဖြစ်ပါတယ်။

Photo credit - Khant's Facebook Account
Photo credit - Khant's Facebook Account

ခန့်က သရုပ်ဆောင် မင်းသမီးချော ပိုးကြာဖြူခင်နဲ့အတူ ကြည်ကြည်နူးနူး ရိုက်ကူးထားတဲ့ အမှတ်တရပုံရိပ်လေးတွေကို တင်ပေးလာရင်း "အမရာချစ်တဲ့ မုန်းလေး " ဆိုတဲ့ စာသားလေးကိုလည်း ရေးသားထားပါသေးတယ်။ ကဲ ချစ်ရတဲ့ ပရိသတ်တွေလည်း ခန့်နဲ့ ပိုးကြာဖြူခင်ရဲ့ ပုံရိပ်အလှလေးတွေကို ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်....။

Photo credit - Khant's Facebook Account
Photo credit - Khant's Facebook Account

Source & Photo credit - Khant's Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။