ပရိသတ်ကြားမှာအရမ်းရေပန်းစားပြီး တစ်ခဲနက်အားပေးခြင်းကိုခံနေရတဲ့ မင်းသမီးချောလေး နန်းဆုရတီစိုးကို ပရိသတ်ကြီးလည်းသိမှာပါနော်။ အားလုံးရဲ့အချစ်တော်လေးလည်းဖြစ်သလို အရုပ်မလေးနဲ့တူတဲ့သူမရဲ့ မျက်နှာလေးရယ် ကိုရီးယားမလေးလို အရမ်းကိုလှပတဲ့ အသားအရည်လေးကိုပိုင်ဆိုင်ထားသူလေးဖြစ်တဲ့အတွက် ပရိသတ်တွေအချစ်ပိုနေခဲ့ရတာလည်းဖြစ်ပါတယ်။


မျက်နှာလေးကလည်းအရမ်းကို ချစ်စရာကောင်းသလောက် စိတ်ထားလေးလည်းဖြူစင်သူလေး တစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေ ပရဟိတတွေဆိုရင် ရှေ့ဆုံးကနေ လူကိုယ်တိုင်ပါဝင်ကုသိုလ်ယူတတ်သူလေးလည်းဖြစ်ပါတယ်။ ဘယ်လိုပဲဝတ်ဝတ်အရမ်းကို လိုက်ဖက်တဲ့ ခန္ဓာကိုယ်လှလှလေးကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တဲ့အတွက်ယောက်ျားလေး ပရိသတ်တွေသာမက မိန်းကလေး ပရိသတ်တွေကပါ သဘောကျအားပေးခြင်းကိုခံနေရသူလေးဖြစ်ပါတယ်။


သူမဟာ အနုပညာအလုပ်တွေ တောက်လျှောက်လုပ်နေတယ်လို့လည်းသိရပါတယ်။လတ်တလောမှာလည်း ကြွေရုပ်လေးလားထင်မှတ်ရလောက်အောင် Stay Home ရင်း အပျော်ရိုက်ထားတဲ့ ဆွဲဆောင်မှုရှိရှိပုံလေးတွေကို လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ဖော်ပြထားတာတွေ့ရပါတယ်။ပုံလေးထဲမှာ အခါခါပြန်ကြည့်ချင်မိရလောက်အောင် အရမ်းချစ်စရာကောင်းနေတာကြောင့် ပရိသတ်ကြီးအတွက် မျှဝေပေးလိုက်ပါတယ်။


Source & Photo Credit : Nansu Yati Soe Facebook Page
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။