ပရိသတ်ကြီးရေ တမူထူးခြားတဲ့ အလှတရားတွေအ​ပြင် ရင်ခုန်စရာအပြုံးလေးတွေနဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တဲ့ သူကတော့ မင်းသမီးချောလေး ဆောင်းယွန်းစံပဲဖြစ်ပါတယ်။ ဆောင်းယွန်းစံက ဘာသာတရားကိုင်းရှိုင်းသူတစ်ယောက်ဖြစ်ပြီး အလှူအတန်းတွေကိုလည်း တတ်နိုင်သလောက် လှူဒါန်းပေးတာကိုလည်း တွေ့ရပါတယ်။ မကြာသေးမှီ ရက်ပိုင်းလောက်က ဆောင်းယွန်းစံဟာ လူမှုကွန်ယက်စာမျက်နှာ သူမရဲ့ မြန်မာဝတ်စုံလေးတွေကို ရောင်ပြီး ရတဲ့အမြတ်ငွေလေးတွေနဲ့ လူနာတင်ယာဥ်ဝယ်လှူဖို့ အစီအစဉ်လေးကို ရေးသားဖော်ပြလာခဲ့ပါတယ်။ 

Photo Credit - Saung Yoon San's Facebook page
Photo Credit - Saung Yoon San's Facebook page

လတ်တလော ကူးစက်ပြန့်ပွားနေတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးအချိန်ကာလလေးမှာ ရှေ့တန်းမှ ကျန်းမာရေးဝန်ထမ်းတွေကို ကူညီပေးနေတဲ့ ပရဟီတ အသင်းတွေရဲ့ လူနာတင်ယာဥ်မလုံလောက်မှုကို တတ်နိုင်သလောက်ကူညီပေးဖို့အတွက် လူနာတင်ကား ဝယ်လှူသွားမှာဖြစ်ပါတယ်။ ယခုမှာတော့ ဆောင်းယွန်းစံဟာ လူနာတင်ယာဥ် ဝယ်ယူလှူဒါန်းဖို့အတွက် အလှူငွေ (၁၀)သိန်းလောက်ပဲ လိုတော့တာကြောင့် တတ်နိုင်သလောက်လှူဒါန်းပေးဖို့ တိုက်တွန်းလာခဲ့ပါတယ်။

Photo Credit - Saung Yoon San's Facebook page
Photo Credit - Saung Yoon San's Facebook page

ဆောင်းယွန်းစံက " လူနာတင်ယာဉ်ဝယ်ဖို့အတွက် ဆယ်သိန်းလောက်ပဲ လိုပါတော့တယ်ရှင့်.. လူတစ်ယောက် တစ်ထောင်နဲ့ အယောက် (၁၀၀၀) ဆိုရပါပြီနော် ..ဆောင်းကလည်း မြန်မာဝတ်စုံလေးတွေ ရောင်းပီး ရန်ပုံငွေ ရှာပါမယ်နော် ..တစ်ခါမှတော့မရောင်းဖူးဘူး ..အောက်မှာ ပြထားတဲ့ မြန်မာဝတ်စုံလေးတွေရောင်းပါမယ်နော် ..ရသမျှအားလုံးကို ပြန်လှူမှာမို့ လက်ဆောင်ပေးထားတဲ့ ဒီဇိုင်နာ မမတွေလည်း ကုသိုလ် ရမယ်လို့ထင်ပါတယ် ..ဟီး အားပေးကြပါဦးနော် ( ဒါအကုန်တော့ မဟုတ်ဘူး) ညကျရင် live လွှင့်ပီး ပြမယ်နော် ဆောင်းယွန်းနဲ့တူတူ လူနာတင်ယာဉ်ကားလေးလှူရအောင်စုပေါင်းအားနဲ့ လှူရအောင်နော် " ဆိုပြီး ရေးသားထားပါသေးတယ်။ ကဲ...ချစ်ပရိသတ်ကြီးရေ လူနာတင်ယာဥ်လေး မြန်မြန်ဝယ်ယူလှူဒါန်းနိုင်အောင်လို့ ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါဦးနော် ။

Photo Credit - Saung Yoon San's Facebook page
Photo Credit - Saung Yoon San's Facebook page

Photo Credit - Saung Yoon San's Facebook page

Source - Saung Yoon San's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။