ပျော်ရွှင်ကြည်နူးစရာကောင်းတဲ့ အချစ်ခရီးလမ်းကို အတူလျှောက်လှမ်းနေသူကတော့ သရုပ်ဆောင် စည်ဖြိုးနဲ့ မော်ဒယ် ခင်လွှမ်းတို့အတွဲလေးပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အနုပညာလမ်းကြောင်းမှာ အောင်မြင်မှုတွေ ပိုမိုရရှိအောင် ကြိုးစားအားထုတ်လျှောက်လှမ်းနေကြ သူတွေပါ။ ပရိသတ်တွေအားလုံးကလည်း သူတို့အတွဲလေးကို ကြည့်ကာ အားကျနေကြတာပါ။

Photo Crd- Khin Hlwan’s Facebook Account
Photo Crd- Khin Hlwan’s Facebook Account
Photo Crd- Khin Hlwan’s Facebook Account

စည်ဖြိုးရဲ့ မိခင်ကလည်း တစ်ချိန်မှာ ချွေးမဖြစ်လာမယ့် သားရဲ့ ကောင်မလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်ခင် ကြင်နာတာကြောင့် ခင်လွှမ်းတစ်ယောက် ပျော်ရွှင် ကြည်နူးနေရတာပါ။ ခင်လွှမ်းကလည်း သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို အမြဲ ဝေမျှပေးတတ်သူပါ။ မနေ့ညကလည်း သူမရဲ့ Facebook Story မှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Khin Hlwan’s Facebook Account
Photo Crd- Khin Hlwan’s Facebook Account
Photo Crd- Khin Hlwan’s Facebook Account

ဒါကတော့ Feel အပြည့်နဲ့သီချင်းဆိုနေတဲ့ချစ်သူစည်ဖြိုးကိုဗီဒီယိုလေးခိုးရိုက်ထားပြီး အသည်းတွေယားကာ ချစ်မဝဖြစ်နေတာပဲ ဖြစ်ပါတယ်။ စည်ဖြိုးတို့အတွဲလေးလည်း အမြဲပျော်ရွှင်စရာကောင်းတဲ့ အချိန်လေးတွေ ဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးရင်း သူတို့အတွဲလေးရဲ့ ဗီဒီယိုလေးကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက် ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Khin Hlwan’s Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။